""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၉🌺""သုန်သုန်ပြောပြီးပြီဘဲ...သုန်သုန်တစ်ယောက်တည်းဘဲ နေမယ်လို့..""
*"လင်း၀သုန်...မင်းက ဘာအစွမ်းစများရှိနေလို့..တစ်ယောက်တည်းနေမယ်ချည်းဘဲ ပြောနေရတာလဲ..""
ဦးလင်းရှိန်က မာကျောစွာမေးလာလေသည်။
""ဖေဖေ..သုန်သုန်က ..ကလေးမဟုတ်တော့ဘူးနော်..ကိုယ့်ခြေထောက်ပေါ်..ကိုယ်ရပ်တည်နိုင်တဲ့ အရွယ်ရောက်နေပြီ..""
""ဘာ... .ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ..ဟုတ်လား..
.ဟား...ဟား..လို့တောင် ရယ်ပစ်လိုက်ချင်သေးတယ်..လင်းဝသုန်....မင်းလိုကောင်က တစ်ယောက်တည်း သာ နေလို့ကတော့ ခွေးထက်တောင် အဖြစ်ဆိုးသွားလိမ့်ဦးမယ်ကွ..""ရင့်သီးစွာထွက်ပေါ်လာသည့် ဦးလင်းရှိန်စကားများကြောင့် သုန်သုန် မျက်နှာလေး ငယ်သွားရလေသည်.။
""ဘာမှ အထွန့်တက်မနေနဲ့တော့..လင်းဝသုန်..မနက်ဖြန် ငါမင်းကို လာခေါ်မယ်..အသင့်ပြင်ထားလိုက်.နောက်ပြီး..မင်း ငါ့ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ကိုလဲ. ခေါင်းထဲမှာစွဲနေအောင်..မှတ်ထား..ကြားလား..""
အမိန့်ဆန်ဆန်..မာကျောစွာ ပြောပြီး ထွက်ခွာသွားသည့် ဦးလင်းရှိန်၏ကျောပြင်ကို မျက်ရည်လေးများဝဲရင်း သုန်သုန်ငေးကြည့်နေမိ၏။
""သုန်သုန်..မင်းလဲ ကြားတဲ့အတိုင်းဘဲ..မင်းအဖေက..မင်းတစ်ယောက်တည်းနေမဲ့ ကိစ္စကို သဘောမတူဘူး...""
သက်ပြင်းတစ်ချက်ရှိုက်ရင်းနှင့် ဦးလင်းထင်က ဆိုလာလေသည်။
"".လေးလေးနဲ့အတူ.. စင်္ကာပူကိုလိုက်ခဲ့ပါနော် ကလေး..""
""လေးလေး..သုန်သုန်ကိုလေ..ဦးက ခေါ်ထားမယ်ဆိုရင်ရော..ဒီမှာ ထားခဲ့မှာလားဟင်..""
သုန်သုန် ငိုမဲ့မဲ့လေးနှင့်မေးလိုက်သည်။
""ဦးဟုတ်လား..ဘယ်ကဦးလဲ..သုန်သုန်..""
ဦးလင်းထင်..စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
""ဟိုဘက်အိမ်က...ဦးနွေဦးသခင်ကို ပြောတာပါ လေးလေး...ဦးက လေးလေးကသာ..သဘောတူတယ်ဆိုရင်..သုန်သုန်ကို သူခေါ်ထားမယ်တဲ့..""
![](https://img.wattpad.com/cover/240207460-288-k504307.jpg)