အပိုင်း🌺၆🌺

2.9K 356 14
                                    

""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၆🌺

🌺သူငယ်ချင်းကိုမထိနဲ့🌺

      သာလိကာနဲ့ ကြက်တူရွေး
နှစ်ကောင်များ..ကားပေါ်ခေါ်တင်လာမိသလား အောက်မေ့ရလောက်အောင်ထိကို စကားအလွန် ပေါနိုင်လွန်းကြ
သည့်လူသား ၂ဦး..။
    ကိုးရီးယားမင်းသား..ထိုင်းမင်းသား..တရုတ်မင်းသား..ဗီယန်နမ်ပါမကျန်..မြန်မာအစ..အင်္ဂလိပ်အဆုံး...ရှိရှိသမျှ ကမ္ဘာပေါ်က ရုပ်ရှင်မင်းသားများအကြောင်းများကို မမောနိုင်မပန်းနိုင်...ပတ်ဘူးနေကြသော...အဲလေ..ပတ်ပြောနေကြသောမွှေစိန်နဲ့ ငံစိန်...။ ကားမောင်းနေရင်း မျက်မှောင်ကြီးကို ဦးနွေဦးသခင် ကြုပ်ထားနေမိ၏။ ဟုတ်သည်လေ..။ တစ်လမ်းလုံး ကားပေါ်မှာ..နှစ်ယောက်တည်းနဲ့ ပွတ်လောညံ့နေအောင် လေပေါ‌နေကြသည့် သာလိကာနှစ်ကောင်ရဲ့ ဒဏ်ကိုမည်သူကမျှ ခံနိုင်မည်မထင်..။
       သူ့တို့ဘာသာပြော သူတို့ဘာသာရယ်နှင့် ကမ္ဘာကြီးက အေးချမ်းနေ
ကြလေသည်။ သက်ပြင်းကိုသာ အခါခါချရင်း. .မွှေစိန် သွားလိုရာနေရာဆီကိုသာ အမြန်ရောက်အောင်..ကားကိုအရှိန်တင်ပြီး မောင်းလာခဲ့လေသည်။
🌺🌺🌺
""ဦး...သုန်သုန်တို့နဲ့အတူ လိုက်ခဲ့လေ..""

""အမယ်လေး..မလိုက်ရဲပါဘူးဗျာ..နှစ်ယောက်တည်းနဲ့တင် နားပူနေပါပြီ..သုံးယောက်သာဆိုရင် ငါနား. မီးထတောက်တော့မှာ သေချာတယ်..""

""ဟင် အဲ့ဒါဆို..ဦးက ပြန်သွားမှာလားဟင်..""

""မပြန်ပါဘူး...စောင့်နေပေးပါ့မယ်..ကားပေါ်မှာ အဲယားအွန်းဖွင့်ပြီး..အိပ်ရင်းနဲ့စောင့်နေမယ်...ဟုတ်ပြီလား..""

""ဟီး...သုန်သုန်ရဲ့ဦးက အရမ်းကိုသဘောကောင်းတာဘဲ..သိပ်မကြာစေရပါဘူး..မပျော်ရင် ၂နာရီ..ပျော်ရင် ၅နာရီလောက်ပေါ့..""

""ဘာ...""

""ဟီး...ဟီး..ဦးကတိအတိုင်း စောင့်နော် ဒါဘဲ...ဟီး..""

တဟီးဟီးရယ်ရင်းနှင့် ထွက်သွားကြသည့် မွှေစိန်တို့ကို ...

""ဟာ...ဟေ့..နေဦး..မင်းတို့သူငယ်ချင်းနေတဲ့အခန်းက ဘယ်အထပ်မှာလဲ..""

ဟုလှမ်း၍မေးလိုက်ရသေးသည်။

""ဒုတိယအထပ်မှာ..ဦး..""

ဦးချစ်သော.အမွှေစိန်လေးOù les histoires vivent. Découvrez maintenant