အပိုင်း🦋၄၂🦋

3.5K 187 76
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၄၂🌺

နွေဦးသခင်..
💙ဒီနေ့မနက်ခင်းက အရမ်းကိုလှပလွန်းနေတယ်..။အထူးသဖြင့် ဦးရဲ့ဘေးနားမှာ အိပ်မောကျနေတဲ့ ကလေးငယ်လေးရဲ့ မျက်နှာကြောင့်..အရာရာဟာ လှပလွန်းနေခဲ့တယ်လေ။ အကယ်၍သာ ဒီနေ့ဟာ..ဦးရင်ခွင်ထဲကနေ သူတို့တွေက ကလေးငယ်‌ကို ဆွဲထုတ် သွားကြဖို့ကြံစည်နေကြတယ်ဆိုတာကိုသာ ကြိုသိခဲ့မယ်ဆိုရင်................💙

တကယ့်ကို အူယားစရာကောင်းအောင် ချစ်စဖွယ်လေး အိပ်မောကျနေလျှက်ရှိတဲ့ သုန်သုန်မျက်နှာလေးကို
ဦးနွေဦးသခင် မျက်တောင်မခတ်စတမ်းငေးကြည့်နေမိတယ်။

ပန်း‌နုရောင်သန်းနေတဲ့ နုတ်ခမ်းဖူးဖူးလေး..ရယ်.ဘာ creamမှလိမ်းမထားတာတောင် ရှင်းသန့်ပြီး နုဖက်နေတဲ့
မျက်နှာလေးရယ် ပြောင်ပြောင်လေးဖြစ်နေတဲ့ နှာထိပ်လေးရယ်ကို ‌တစ်ခုချင်းစီကို ငေးကြည့်နေမိတယ်။

""အင်း....""

ဆိုပြီး ခြေကားယား လက်ကားယား‌ နဲ့ အပျင်းကြောဆန့်နေတဲ့ သုန်သုန်ပုံလေးကိုကြည့်ရင်း နွေဦးသခင် အူယားလာတာနဲ့ သုန်သုန်နဖူးလေးကို လှမ်းနမ်းလိုက်ရင်း..

""အပျင်းထူလေး နိုးနေရင်လဲ..ထတော့လေကွာ..""

""ဟင့်. ..အင်း...မထချင်သေးဘူး..အိပ်ဦးမှာ..""

နုတ်ခမ်းလေးထော်ကာ..ရယ်ကျဲကျဲလေးနဲ့ ပြောနေတဲ့ ပုံစံလေးက တကယ့်ကိုမှ ချစ်စရာကောင်းလွန်းနေတာကြောင့် နွေဦးသခင် စိတ်မထိန်းနိုင်တော့ဘဲ..ထိုထော်နေတဲ့ နုတ်ခမ်းဖူးဖူးလေးကို ငုံခဲပြီး နမ်းရှိုက်ပစ်လိုက်၏။

""အာ....ဦး.နော်...""

ဆိုပြီးရင်ခွင်ထဲကနေ အတင်းရုန်းထွက်ဖို့ကြိုးစားနေရှာသည့် ကောင်‌ပေါက်စလေး . ။

""ဘယ်လိုဖြစ်နေတာလဲ..မနက်အစောကြီး..လူကိုလာနမ်းနေတယ်..မျက်နှာလဲ မသစ်ရသေးဘဲနဲ့ကို...""

ဆိုပြီးမျက်စောင်းလေးတစ်ခဲခဲနှင့် လူကို ရန်တွေ့နေလေတော့သည်။
နွေဦးသခင် အရမ်းကို အူယားလာတာနဲ့ .တမင်ညစ်ပြီး ထိုကောင်ပေါက်စလေးရဲ့ မျက်နှာအနှံ့ အနမ်းမိုးတွေ ရွာချပစ်လိုက်တော့တယ်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: May 18, 2021 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ဦးချစ်သော.အမွှေစိန်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ