အပိုင်း🦋၄၁🦋

976 101 8
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၄၁🌺

   ""ဘာ..""

ကြားလိုက်ရတဲ့ စကားတွေကြောင့် ဒေါ်ခင်ပပ အံ့ဩထိတ်လန့်လို့သွားသလို့ ဒေါသလဲထွက်နေလေတော့သည်။ ခင်မေနိုင်က သုန်သုန် တစ်ယောက် နွေဦးသခင်နဲ့အတူရှိနေတဲ့ကြောင်းကို..ချက်ချင်းဘဲ ဒေါ်ခင်ပပဆီ ဖုန်းဆက်ပြီး လှမ်းပြောခဲ့လေသည်။

""ဒေါ်လေး..နိုင်..ဘယ်လိုလုပ်ရမလဲဟင်..အဲ့လင်း၀သုန်ဆိုတဲ့ ကောင်ကလေ .ယောက်ျားလေးတန်မဲ့နဲ့..သခင့်ကို..မြူစွယ်နေတဲ့ပုံဘဲ..အဲ့ဒီကောင်စုတ်လေးကို..ဒေါ်လေးဘယ်လို..ရှင်းပေးမှာလဲပြော..နိုင်ကတော့..သခင့်ကို အပါမခံနိုင်ဘူးနော်..သခင့်လို..ပြီးပြည့်စုံတဲ့ ယောက်ျားမျိုးကို..ဘာမဟုတ်တဲ့ အခြောက်ကောင်ဆီမှာတော့ အပါမခံနိုင်ဘူး..""

""စိတ်ချပါ .တူမလေးရယ်..ဒေါ်လေး..အဲ့ကောင်စုတ်လေးကိုကြည့်ပြီးရှင်းပေးပါ့မယ်ကွယ်..တူမလေး ဘာမှစိတ်မပူနဲ့ကြားလား..""

""ကောင်းပြီလေ..‌နိုင်..ဒေါ်လေးကိုဘဲ..ယုံလိုက်မယ်နော်..""

""အင်း..အင်း..တူမလေး..""

ဒေါ်ခင်ပပ ဖုန်းကိုချလိုက်ပြီး‌သည့်နောက် ..တောက်တစ်ချက်ခေါက်လိုက်လေသည်။

""တောက်...လင်း၀သုန်...လင်း၀သုန်...နင်ဟာလေ..တော်တော့်ကို..ဒုက္ခပေးတဲ့ကောင်ဘဲ...နင်လို..အဆင့်တန်းမရှိ..အောက်တန်းစားကောင်ကများ..
ရာရာစစ..ငါတူမ နဲ့လက်ထပ်မဲ့..ယောက်ျားကိုမှ..မြူစွယ်ရဲတယ်ပေါ့လေ..ဟင်း..ဟင်း. လင်း၀သုန်..နင်..ငါ့အကြောင်းကောင်းကောင်းကြီးသိသွားစေရမယ်..လင်း၀သုန်...""

❤️❤️❤️❤️

""သမီးနိုင်..ထိုင်..သမီးရဲ့မိဘတွေလဲ..နေကောင်းတယ်မလား..""

""ဟုတ်ကဲ့..ဖိုးဖိုး..သမီးရဲ့မိဘတွေ နေကောင်းပါတယ်ရှင့်..သမီးအခုလာတာကလေ..ဖိုးဖိုးကိုပြောစရာလေးရှိလို့ပါ..""

ခင်မေနိုင်က အချိန်ဆိုင်းမနေတော့ဘဲ..ပြောချင်နေသည့် အကြောင်းရာကိုဘဲ..စကားပုလ္လင်ခံလိုက်လေသည်။

""ဟင်..သမီးနိုင်က..ဖိုးဖိုးကို ဘာများပြောစရာရှိနေလို့လဲ..""

ဦးချစ်သော.အမွှေစိန်လေးOpowieści tętniące życiem. Odkryj je teraz