""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၃🌺🍓ဘေဘီရစ်စိန်🍓
""ဟာ..အစ်ကို..""
မိန်းကလေးတစ်ဦးခေါ်သံကြောင့် သုန်သုန် နောက်ကိုလှည့်ကြည့်လိုက်တော့ စည်သူတို့အတွဲဖြစ်နေလေသည်။ ချစ်လေးက သုန်သုန်ကို ပြုံးပြနေသလောက် စည်သူကတော့ မျက်နှာကြီးကိုတည်လို့ပေါ့.။
""ဪ.ချစ်လေးတို့ပါလား..""
""ဟုတ်တယ်..အစ်ကို..ဒါနဲ့ အစ်ကိုတစ်ယောက်တည်းလား..""
""မဟုတ်ပါဘူး...သုန်သုန်ရဲ့ဦးတွေလဲ ပါပါတယ်.."
""ဪ.အစ်ကိုရဲ့ဦးလေးတွေလား..""
""ဟာ..ဦးလေးတွေ မဟုတ်ပါဘူး..
ဒီအတိုင်းခင်ကြတဲ့ ဦးတွေပါ..ဟော..ဟိုမှာ လာကြပြီ..""""ဟင်..အဲ့နှစ်ယောက်ကို ချစ်လေးမြင်ဖူးသလိုဘဲ..ဘယ်မှာ မြင်ဖူးတာလဲမသိဘူး..ဪ..မဂ္ဂဇင်းတွေထဲမြင်ဖူးတာ..အပြင်မှာ ပိုပြီးချောကြတာဘဲ..""
ချစ်လေးက အားရပါးရဆိုတော့ သုန်သုန်မျက်နှာကြီးက ပြုံးဖြီးနေတော့တာပေါ့။ စည်သူက မျက်နှာတစ်ချက်မဲ့ပြီး ဦးဒီနိုင်းခ နဲ့ ဦးနွေဦးသခင်တို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး.
""သူတို့က ဘယ်သူတွေမို့လို့ ချစ်လေးက သိနေရတာလဲ..ဘာလဲ..နာမည်သိပ်မရှိတဲ့..အရန်သရုပ်ဆောင်တွေလား..""
ဟု..ရှုံ့ချစွာနဲ့ မေးလာသည်။
""ဟာ..ကိုကိုကလဲ..ဘယ်ကသာ..
စီးပွားရေးလောကမှာ နာမည်ကျော်နေတဲ့သူတွေလေ.ဟို.ရှပ်အင်္ကျီအပြာနုရောင် ၀တ်ထားတဲ့တစ်ယောက်က ဦးနွေဦးသခင်တဲ့ အနက်နဲ့တစ်ယောက်က ဦးဒီနိုင်းခ တဲ့ နှစ်ယောက်စလုံးက.
တကယ့် ထိတ်ထိတ်ကြဲတွေ..""ဟု အားပါးတရနဲ့ ချစ်လေးက ရှင်းပြလိုက်တော့ စည်သူ မျက်နှာပေါ်မှာ မချိပြုံးလေး တစ်ပွင့် ပွင့်ဖူးသွား၏။
""One go two come တဲ့.""
""ဟင်..ဘာပြောလိုက်တာလဲ.အစ်ကို.။'"
""ဪ..ဘာမှမဟုတ်ပါဘူး...လတ်တလောလေးက အစ်ကိုချစ်သူက အစ်ကို့ကိုထားသွားတာလေ.အဲ့တုန်းက..ငါအရမ်းကံဆိုးပါလား တွေးခဲ့မိသေးတယ် နောက်တော့..one go two come ဆိုသလိုဘဲ.သူထားသွားခဲ့တဲ့..အစ်ကိုရဲ့ဘေးနားမှာ သူထပ်သာတဲ့။
နောက်ထပ်နတ်သားလေးနှစ်ပါး ရောက်လာခဲ့တယ်လို့ ပြောတာပါ..""
