အပိုင်း🌺၄၀🌺

1.6K 158 3
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၄၀🌺

      ""သုန်သုန်..ရေခဲမုန့်ကို အရင်စားချင်လား..အပြန်ကျရင်..ဆိုင်တွေပိတ်ကုန်ရင်..မင်း ရေခဲမုန့်မစားရဘဲနေလိမ့်မယ် .""

နွေဦးသခင်က..ကားမောင်းနေရင်းနဲ့..သူ့ဘေးနားမှာ ထိုင်နေတဲ့ သုန်သုန်ကို မေးလာတယ်။ နောက်ခန်းထဲမှာ ပါလာတဲ့ ခင်မေနိုင်တစ်ယောက်ကတော့..မျက်နှာကြီးကိုမဲ့လို့‌..။
       ခင်မေနိုင်က..နွေဦးသခင်ရဲ့ ဘေးမှာ ထိုင်ဖို့ကြိုးစားပေမယ့်လဲ..။ နွေဦးသခင်က လုံး၀ကို ခွင့်မပေးခဲ့ဘူး..။ ‌သူက..သူ့ရဲ့ အချစ်ကလေး သုန်သုန်ကိုဘဲ....ကားရှေ့ခန်းထဲမှာ..ထိုင်ခိုင်းခဲ့တယ်။
     ဒါကို ခင်မေနိုင်က လုံး၀ကို မကျေမချမ်းဖြစ်နေတော့တယ်။ နွေဦးသခင်နဲ့ သုန်သုန်ကတော့ သူ့ကိုအရေးမစိုက်ဘဲ..။ ‌ကားရှေ့ခန်းထဲမှာ ပြုံးရယ်ပြီး စကားတွေဖောင်ဖွဲ့ပြီး ပြောဆိုနေကြတယ်။

""အင်း..အဲ့ဒါဆို ဟိုးရှေ့လမ်း‌ရောက်ရင်..ဘယ်ဘက်ကို ကွေ့လိုက် .အဲ့နားမှာ‌ရောင်းတဲ့..ရေခဲမုန့်ဆိုင်က..ရေခဲမုန့်တွေက အရမ်းစားလို့ကောင်းတယ်..""

""ဟုတ်လား.ဒါနဲ့.သုန်သုန် တခြားဘာတွေ စားချင်သေးလဲ..ပြောနော် ဦး၀ယ်ကျွေးမယ်..""

""ရပါတယ်..လောလောဆည် ရေခဲမုန့်ဘဲစားမယ်..""

""အင်း..""

      သုန်သုန်ညွှန်ပြနေတဲ့ ရေခဲမုန့်ဆိုင်ဆီကိုရောက်တော့..

""မမနိုင်...ရေခဲမုန့်စားဦးမလား..""
သုန်သုန်က မမေ့မလျော့နဲ့ ခင်မေနိုင်အား မေးလိုက်တယ်။

""မစားဘူး..""

မျက်နှာကြီးစူပုတ်နေတဲ့ ခင်မေနိုင်က ချက်ချင်းကို ငြင်းလိုက်တယ်။

""လာပါ..မစားချင်တဲ့သူ‌ကို တကူးတက မေးမနေနဲ့...အချိန်ကြာတယ် ရေခဲမုန့်သွား၀ယ်မယ်..""

ဦးက ခင်မေနိုင် ကိုဂရုမစိုက်သည့်ဟန်နဲ့ ပြောပြီး ကားပေါ်ကနေ ဆင်းသွားတော့တယ် ။ သုန်သုန်လဲ ကားပေါ်ကဆင်းလိုက်ပြီး ဦးနဲ့အတူ ရေခဲမုန့်ဆိုင်ထဲကို ၀င်သွားတော့တယ်။
    နွေဦးသခင်နဲ့ သုန်သုန် တို့ကို ခင်မေနိုင် မလိုတမာနဲ့ ငေးစိုက်ကြည့်နေမိတယ်။ သူတို့နှစ်ယောက်က ရိုးရော ရိုးကြရဲ့လားမသိ..။ မသိရင် ညားကာစ လင်မယားနှစ်ယောက် ဟန်နီးမွန်း ထွက်လာသလား အောက်မေ့ရတယ်။
     တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ရေခဲမုန့်ဆိုင်ထဲ၀င်သွားတဲ့ ပုံက..ကြင်စဦးလင်မယားလို ပုံစံမျိုး ပေါက်နေသည်ကိုး..။

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now