အပိုင်း🦋၂၃🦋

1.6K 239 6
                                    


"ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၃🌺

     သုန်သုန်ရဲ့ဦးလေး စင်္ကာပူကိုမသွားခင်တုန်းက..အရင် သုန်သုန်တို့အိမ်မှာ အလုပ် လုပ်ခဲ့သည့် အန်တီတူးမာနှင့်..ဦးလေးမိုးတို့.. နေထိုင်ရာ..
အိမ်လိမ်စာကိုတောင်းထားခဲ့လေသည်။ သုန်သုန်ကို အိမ်မှာ ခေါ်ထားဖို့ဆိုတာ...နွေဦးသခင်အတွက်တော့ အရမ်းအဆင်ပြေနေတာမျိုးမှ မဟုတ်တာ..။အရွယ်ရောက်ပြီးသား ကလေးတစ်ယောက်ကို ထိန်းကျောင်းဖို့ဆိုတာ..နွေဦးသခင်အတွက်တော့...တကယ့်ကိုမှ စိန်ခေါ်မှုအကြီးစားတစ်ခုလိုပင်.။

      နောက်ပြီး..သုန်သုန် မိမိအိမ်မှာနေထိုင်ရတာ အဆင်ပြေပြေ.နှင့်စိတ်သက်သာမှုရှိစေရန်..သူရင်းနှီးပြီးသား အလုပ်သမားတချို့ရှိမှ အဆင်ပြေလိမ့်မည်ဟု ထင်သည်။
       ထိုကြောင့်လဲ.နွေဦးသခင်  အန်တီတူးမာနှင့် ဦးလေးမိုးတို့ကို..သုန်သုန်အဆင်ပြေဖို့အတွက်..အိမ်မှာ ခေါ်ထားပြီး အလုပ်ခန့်လိုက်လေသည်။

""အန်တီတူးမာ...ဦးလေးမိုး....."""

အန်တီတူးမာနှင့် ဦးလေးမိုးတို့ကို
မြင်လိုက်ရတော့ သုန်သုန် အရမ်းကိုအံ့ဩ၀မ်းသာဖြစ်သွားခဲ့လေသည်။ အန်တီတူးမာတို့ ဦးလေးမိုးတို့ဆိုတာ....သုန်သုန်တို့အိမ်မှာ အလုပ်လုပ်လာတာ..ဆယ်နှစ်နီးပါးတောင်  ရှိပေတော့မည်။ ထိုလူသားနှစ်ဦးက သုန်သုန်အတွက် အရေးပါဆုံး လူများဖြစ်ကြလေသည်။

""".အန်တီတူးမာနဲ့ဦးလေးမိုးတို့ကို..ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်...ဦး..""

သုန်သုန် နွေဦးသခင်ကို ပြေးဖက်ရင်း ၀မ်းသာလှိုက်မောစွာနှင့်ပြောလိုက်လေသည်။

""ရပါတယ်..မင်းအဆင်ပြေဖို့အတွက်..သူတို့ကိုပြန်ခေါ်လာပေးရတာ.ငါအတွက် အပန်းမကြီးပါဘူး..""

""သုန်သုန်အတွက်..အခုလို စဉ်းစားပြီး လုပ်ပေးတဲ့အတွက်..သုန်သုန်အရမ်းကို၀မ်းသာတာဘဲ...တကယ့်ကိုကျေးဇူးတင်ပါတယ်...""

နွေဦးသခင် ခါးကို တင်းကြပ်နေအောင် ဖက်ထားရင်း ဆိုလာသည့် ကလေးငယ်ကြောင့် ရင်ထဲ အပျော်လှိုင်းလေးဖြတ်ပြေးသွားကာ နွေဦးသခင် ပြုံးနေမိတော့၏။
🌺🌺🌺
        နွေဦးသခင်..ကုမ္ပဏီ မှာ အလုပ်လုပ်နေတုန်း ဖုန်းလေးထမြည်လာလေသည်။

ဦးချစ်သော.အမွှေစိန်လေးOù les histoires vivent. Découvrez maintenant