အပိုင်း🦋၃၆🦋

1.2K 149 6
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၆🌺
  
     နွေဦးသခင်ရဲ့ပါးပြင်ကို နမ်းရှိုက်လိုက်ပြီး ကားပေါ်ကနေ ထွက်သွားသည့် သုန်သုန်ရဲ့ကျောပြင်ကို ကြည့်ရင်း ရင်ထဲမှာ ကြည်နူးနေမိသည်။ ထိုကြည်နူးမှုလေးကလဲ ရေရည်မခံလိုက်ပါ..။ ဖုန်း screen ပေါ်မှာ  ပေါ်နေသည့် ဖုန်းနံပါတ်ကို ကြည့်ရင်း နွေဦးသခင် စိတ်အလိုမကျစွာနှင့် မျက်မှောင်တစ်ချက်ကြုပ်လိုက်သည်။

""ဟဲလို...""

""ဟဲလို..သခင်လား .""

ထွက်ပေါ်လာသည့် မိန်းကလေးတစ်ဦး၏အသံက နူးညံ့စွာထွက်ပေါ်လာသော်‌လဲ နွေဦးသခင်ကတော့ နည်းနည်းလေးမှကို မနှစ်မြို့ပေ..။

""ခင်မေနိုင်..မင်း..ငါ့ကို ဘာပြောစရာရှိလို့.ဖုန်းဆက်လိုက်တာလဲ..""

နွေဦးသခင် အေးစက်စွာနှင့် လိုရင်းကိုဘဲ မေးလိုက်လေသည်။

""အမယ်လေး..သခင်ရယ်..နိုင်အပေါ်မှာ ဒီလောက်ထိ စိမ်းကားဖို့ လိုလို့လားကွယ်...နိုင်နဲ့သခင်က..မကြာခင် လက်ထပ်ရတော့မဲ့သူတွေဘဲလေ.ဒီလောက်ကြီးထိတော့ မစိမ်းကားပါနဲ့လား..""

ညုတုတုအသံနှင့် ခပ်ချွဲချွဲ ဆိုလာသည့် ခင်မေနိုင်၏ စကားသံများက..နွေဦးသခင်အတွက်တော့ အော့နှလုံးနာစရာ.။

*""ဘာ.မကြာခင်..မင်းနဲ့ငါက .လက်ထပ်ရတော့မဲ့သူတွေ ဟုတ်လား...အဟက်..မင်း ဦးနှောက်မကောင်းတော့ဘူးနဲ့ တူတယ်...
မင်း နိုင်ငံခြားကိုမသွားခင်ကတည်းက..ငါ ပြတ်ပြတ်သားသား ပြောထားပြီးသားလေ..ငါ့ မင်းကို ဘယ်တော့မှာ လက်ထပ်မှာမဟုတ်ဘူးလို့...""
နွေဦးသခင် ပြောလိုက်သည့် စကားများကြောင့်.ခင်မေနိုင်တစ်ယောက် နုတ်ဆိတ်လို့သွားခဲ့လေသည်။

""အဟင်း..သခင်ကလဲ..ဒီလို ယတိပြတ်ကြီး ပြောလို့မ‌ရဘူးလေ..လူကြီးတွေရဲ့ သဘောထားကလဲ ရှိသေးတယ်လေ .နောက်ပြီး..ဒီအတိုင်းကြီး လက်လွှတ်စပယ်..ငြင်းဆန်လို့မှ မရတာ..""

""ကျစ်.မင်း.တော်လိုက်တော့ ..ခင်မေနိုင်..ဒီလို အရေးမပါတဲ့ စကားတွေ ပြောဖို့အတွက်..ငါ့ကို ဖုန်းခေါ်လိုက်တာလား..""

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now