အပိုင်း🌺၃၇🌺

1.3K 145 3
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၇🌺

    ဒီနေ့ တစ်နေ့လုံး နွေဦးသခင် စိတ်ထဲမကြည်..။ ခင်မေနိုင် မြန်မာ ပြည်ကိုပြန်ရောက်လာတော့မည်ဆိုသော သတင်းကြောင့်..နွေဦးသခင် အနည်းနဲ့အများတော့ စိုးထိတ်နေမိသည်။
သူအိမ်မှာ မရှိတုန်း..အဲ့မိန်းမများ အိမ်ကိုရောက်နေရင်..ဘယ်လိုလုပ်မလဲ..ဆိုသော အသိကြီးက..နွေဦးသခင်အား ခြောက်လန့်လို့နေ၏။ ကုမ္ပဏီအတွက် အရေးကြီးသော ရှယ်ယာရှင်တချို့နဲ့ တွေ့ဆုံဖို့ရှိနေသေးတာကြောင့်.အိမ်ကနေ ထွက်လာခဲ့ရလေသည်။
       အရေးကြီးသော ကိစ္စများကိုဘဲနွေဦးသခင် ဦးစားပေးပြီး လုပ်လိုက်လေသည် ။ ရှယ်ယာရှင်များတွေ့ဆုံလို့ပြီးသွားတော့ နေ့လည် ၂နာရီရှိနေပြီ.။
      ကျန်‌တာတွေ စဉ်းစားမနေတော့ဘဲ..နွေဦးသခင် အိမ်ကိုဘဲ ပြန်ပြေးလာခဲ့သည်။

""ဟင်...ဦး..အစောကြီး ပြန်လာတယ်..နေမကောင်းလို့လား..""

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ..ဖုန်းလေးတစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် သုန်သုန် နွေဦး ကိုလဲ မြင်ရော..စိုးရိမ်တကြီးနဲ့မေးလိုက်လေသည်။

""ကောင်းတယ်...ဦးနေကောင်းတယ်.."

""ဒါဆို ဘာဖြစ်လို့ စောစောပြန်လာရတာလဲဟင်..""

""ဘာလဲ..ဦးကို ပြန်မလာစေချင်တာလား..သုန်သုန်က..""

""ဟာ..အဲ့လို မဟုတ်ပါဘူး.သုန်သုန်က စိုးရိမ်လို့မေးနေတာကို.ဟွန့်.""
နုတ်ခမ်းလေး ဆူကာ စိတ်အလိုမကျစွာ ဆိုလာသည့် အကောင်ငယ်လေး..။ နွေဦးသခင် အူယားစွာနှင့် ထိုကောင်ပေါက်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းကျပ်နေအောင် ဖက်ထားလိုက်၏။

""ဖယ်ပါ..အသက်ရှုကြပ်တယ်..လွှတ်.."""

ဟောဗျာ..ဘာတွေ အလိုမကျဖြစ်နေသည့် မသိ..။ ရင်ခွင်ထဲကနေအတင်း ရုန်းထွက်နေသည့် ကလေးငယ် .။

""ကလေးလေးကလဲကွာ...ဦးက..ကလေးကို..လွမ်းလွန်းလို့..အလုပ်ကနေ အစောကြီး ပြန်လာခဲ့ရတာကိုကွာ...မဆိုးစမ်းပါနဲ့..""

""အပိုတွေ...အိုဗာတွေ..ဖယ်ပါ..အသက်ရှုကြပ်နေပြီ...ဟေ့..အဘိုးကြီး..ကောင်းကောင်းပြောနေတုန်း လွှတ်နော်...""

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now