အပိုင်း🦋၂၁🦋

1.7K 232 10
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၁🌺

    ကလေးလေး..မင်းလေး
ရဲ့နုတ်ခမ်းနီတာရဲလေးကို...ဦးဦးဒီကို တစ်ကိုက်လောက် ကိုက်စားခွင့်ပြုမလား..။
        တဖြေးဖြေးနှင့် သုန်သုန်မျက်နှာနားကို တိုးကပ်လာသည့် ဒီနိုင်းခ၏မျက်နှာ..။သုန်သုန်ကလဲ မျက်တောင်မခတ် .ဒီနိုင်းခအား ပြူးကြည့်နေလျှက်..။နောက်တော့ သုန်သုန်မျက်နှာပါ ရှေ့သို့တိုးကပ်လာတာကြောင့် တကယ့်ကိုမှ နီးနီးကပ်ကပ်လေး..။ ဒီနိုင်းခ ရင်ခုန်သံတွေ ဆူညံလာသလို...သုန်သုန်ရဲ့မျက်၀န်းလေးတွေကလဲ ဝိုင်းစက် စူးရှလို့နေ၏။ နီရဲရဲ နုတ်ခမ်းလေးကို နမ်းဖို့ ဟန်ပြင်ရင်း ဒီနိုင်းခ၏ ရင်ခုန်သံတွေက စည်းချက်ညီနေလျက်..။
တစ်စက္ကန့်..နှစ်သက္ကန့်...နုတ်ခမ်းနှစ်စုံဟာ ထိလုနီးပါး..။

""ဖြန်း...""

""အောင်မယ်လေးဗျ..*"

ရုတ်တရက် ဒီနိုင်းခ၏ ညာဖက်ပါးကို ရိုက်ချလိုက်ပါသော သုန်သုန်..။

""ဦးဦးဒီ ...ဒီမှာ ဦးဦးဒီပါးကို ကိုက်နေတဲ့ ခြင်ကြီးက..အကြီးကြီးဘဲ..""

သုန်သုန်က သူရဲ့ဘယ်ဘက်လက်ဖဝါးလေးကိုထောင်ပြရင်း ပြောလာလေသည်။

မြတ်စွာဘုရား...ငါကတော့ ..နမ်းမလို့ လုပ်နေတာလေကွာ..မင်းက...ငါ့ပါးက ခြင်ကို အာရုံ‌စိုက်နေခဲ့တာတဲ့လား..။ လွဲပေဦးပေါ့ ဒီနိုင်းခရာ..တက်တက်စင်အောင်ကို လွဲပါရောလားကွာ..။ ငါမှာတော့ ငါနမ်းမှာကိုသိလို့..သူအသာလေးငြိမ်ခံနေတယ်လို့ထင်နေခဲ့တာလေကွာ..။

ဒီနိုင်းခ တစ်ယောက် မှန်းချက်နှင့် နှမ်းထွက်မကိုက်သလို ဖြစ်သွားတာကြောင့်..ရုပ်ကြီးက အီလည်လည်ကြီးဖြစ်လို့နေတော့၏။

""ဟင်..ဦးဦးဒီ ဘာဖြစ်သွားတာလဲ..မဟုတ်မှလွဲရော..သုန်သုန် ခြင်ရိုက်လိုက်တာ ..ဦးဦးဒီရဲ့ပါးကိုရိုက်မိသလို ဖြစ်သွားလို့လား..တောင်းပန်ပါတယ်နော်..ကန်တော့..ကန်တော့..."

သုန်သုန် မျက်နှာ‌ငယ်လေးနှင့် အလျင်မြန်တောင်းပန်လာတာကြောင့်ဒီနိုင်းခ တစ်ယောက် ဘာပြန်ပြောလို့ ပြောရမှန်းမသိ အခက်ကြုံနေလေတော့သည် ။

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now