အပိုင်း🦋၃၃🦋

1.6K 187 7
                                    


""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၃🌺

       နက်ရှိုင်းလှသည့် အနမ်းတွေကို ဖန်တီးဖို့ နွေဦးသခင် ဟန်ပြင်နေတုန်းမှာဘဲ..သုန်သုန်တစ်ယောက် နွေဦးသခင် ရင်ခွင်ထဲ ခေါင်းငိုက်စိုက်ကျ
သွားကာ..အိပ်ပျော်သွားလေတော့သည်။

""ဟေ့.မင်း..အိပ်ပျော်သွားတာလား..""

နွေဦးသခင် သုန်သုန် ကိုယ်လေးကို လှုပ်နှိုးကြည့်ရင်း မေးလိုက်သည်။

""တကယ်..အိပ်ပျော်သွားတာဘဲ..
ဦး ရဲ့ကလေးလေးက..""

နွေဦးသခင် ပြုံးတုံ့ရင်း..သုန်သုန်ကိုယ်လေးကို..ကုတင်ပေါ် ပြန်လှဲသိပ်ပေးလိုက်သည် ။ စောင်ပါးလေးကို. သုန်သုန် ရင်ဘတ်ထိ..ဆွဲယူလိုက်ပြီး ခြုံထားပေးလိုက်၏။

""ဦးလဲ..မင်းကို အရမ်းချစ်တယ်..လင်း၀သုန်..""

တိုးတိုးဖွဖွဆိုရင်း..အိပ်မောကျနေသည့်..အကောင်ငယ်လေးရဲ့ နဖူးလေး
ကို သူ အမြတ်တနိုးနဲ့ နမ်းရှိုက်လိုက်၏။
        ချစ်တယ်..။ ဒီစကား‌လေး
နှစ်လုံးရဲ့..အဓိပ္ပာယ်က အရမ်းနက်ရှိုင်းလွန်းလှတယ်။ ချစ်တယ် ဆိုတဲ့ ‌စကားရဲ့နောက်ကွယ်မှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေ အမြောက်မြားရှိနေတယ်..ကလေးငယ်။ အဲ့ဒီအရာတွေကို..ကလေးငယ်
နဲ့ အတူ ကျော်ဖြတ်ဖို့အတွက် ဦး.ဘက်ကတော့အဆင်သင့်ဖြစ်နေပြီ..။မင်းဘက်ကရော ဦးအတူ ရင်ဆိုင်ရဲဖို့အတွက် သတ္တိတွေရှိနေပြီလား..။
❤️❤️❤️
   ""အား...ခေါင်းကိုက်လိုက်တာ..""
မနက် အိပ်ရာကနိုးလာတော့..သုန်သုန် အရင်ဦးဆုံး ခံစားလိုက်ရတာက..ခေါင်းကိုက်ခြင်း..။ ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲလို့နေသည်။ ဒါတွေက.သုန်သုန် မနေ့ညက မဆင်မခြင် သောက်လိုက်မိတဲ့.ဝိုင်ရဲ့ တန်ခိုးတွေဘဲပေါ့။ သုန်သုန် အိပ်ရာပေါ်ကနေ ဒယီးဒယိုင် ထလိုက်ပြီး မျက်နှာသစ်ဖို့ရန် ရေချိုးခန်းထဲသို့ ၀င်လိုက်သည်။
     သွားတိုက်..မျက်နှာသစ်.ရင်းရေပါတစ်ခါချိုးလိုက်ရင်ကောင်းမည်ဟု တွေးကာ ရေချိုးဖို့ရန်အတွက်ပါ ပြင်ဆင်လိုက်လေသည်။

""အား..အခုမှဘဲ နည်းနည်းလန်းဆန်းသွားသလိုဘဲ.."

ရေချိုးကန် ထဲ ၀င်စိမ်ရင်း..သုန်သုန် တီးတိုးစွာ ရေရွတ်လိုက်မိသည်။

ဦးချစ်သော.အမွှေစိန်လေးHikayelerin yaşadığı yer. Şimdi keşfedin