အပိုင်း🌺၇🌺

4.4K 352 23
                                    

""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၇🌺

🌺1 by 1🌺

""အား....အ့..ဖြေးဖြေးလုပ်ပါ.. ဦးရဲ့ နာတယ်...""

""သိပ်ပြီး..အဖြစ်သည်းပြမနေပါနဲ့..အခုမှ...အရက်ပြန်လေးနဲ့ အနာဆေးတုန်းဘဲရှိသေးတယ်..""

""ဟင်..ဒါဆို ဆေးက ထည့်ဦးမှာလား..ဟင့်အင်း..မထည့်နဲ့..နာတယ်..
သူ့ဘာသာ ပျောက်သွားလိမ့်မယ်..""

ပြောရင်းနဲ့..ဦးလက်ထဲကနေ အတင်းရုန်းထွက်နေတာကြောင့်..‌မွှေစိန်ရဲ့ လက်ကိုဦး ပြန်ဆွဲယူလိုက်ရပြီး..

""ဆေးမထည့်ရင်.အနာရင်းသွားလိမ့်မယ်..မွှေစိန်..ခဏလေးဘဲ နာမှာ...""

""အား..စပ်တယ်..နာတယ်လို့..အီး..ဟီး..ဟီး..""

""အိုဗာ တွေလာလုပ်နေပြန်ပြီ..ခေါင်းခေါက်ထည့်လိုက်လို့ ..ဂွက်ခနဲ့ မြည်သွားမယ်..""

"နာလို့..နာတယ်ပြောပြီး..ငိုတာတောင်..အိုဗာလုပ်‌ေနတယ်လို့အပြောခံနေရသေးတယ်..အီး..ဟီး..ဟီး..ဦးအကျင့်ပုတ်ကြီးရဲ့..""

""အမယ်လေးလေး...ကိုယ့်ထက် နှစ်ဆလောက်.ဗလတောင့်တဲ့ကောင်ကို..1 by 1 စိန်ခေါ်ထားတဲ့သူက..လက်ကအနာလေး ဆေးလိမ်းပေးတာနဲ့တင် ငိုနေတယ်လို့ကွာ..လူကြားလို့မှမကောင်း...""

""လူကြားလို့မကောင်းရင်လဲ..နားပိတ်ထားပေါ့..ငိုမှာဘဲ..နာတာကိုးလို့..အီး...ဟီး..ဟီး...""

အသံပြဲကြီးနဲ့ အော်ငိုနေသည့် မွှေစိန်ကို ကြည့်ရင်း ဦး ပြုံးမိသည်။
ခပ်မြန်မြန်လေးဘဲ..မွှေစိန်လက်က ဒဏ်ရာလေးကို ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးလိုက်၏။

""ကဲ..ဘယ်လိုလဲ အရမ်းကြီးတင်းပြီး နာနေသေးလား..""

""အဟင့်..ရွှတ်..ရွှတ်..သိပ်ပြီး မနာတော့ဘူး..ဦးကလဲ ပတ်တီးကို လှလှလေးဖြစ်အောင်..ပတ်တီးပန်းရောင်လေးနဲ့တော့ စည်းမပေးဘူး..အဖြူရောင်ကြီး...အဟင့်..""

ဟု ပြောလိုက်သည့် မွှေစိန်စကားကြောင့်..အနားမှာရှိနေသည့် နံရံနဲ့တောင် ခေါင်းပြေးဆောင့်ချင်မိသွား၏။

""ငါနော်..ပြောလိုက်ရင် မကောင်းရှိတော့မယ် မွှေစိန်..ပတ်တီးဆိုမှတော့ အဖြူရောင်ဘဲရှိတာလေကွာ...ပန်းရောင်နဲ့က ရှိပါ့မလား..""

ဦးချစ်သော.အမွှေစိန်လေးDonde viven las historias. Descúbrelo ahora