အပိုင်း🦋၃၀🦋

1.3K 171 7
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၀🌺

""ဦးစုတ်ရေ...စားစရာရှိတာ အမြန်မစားဘဲ..ကလေးနဲ့ လိုက်တုပြီး ရန်ဖြစ်နေတယ်..အံဩလို့ကိုမဆုံးဘူး..""

သုန်သုန် နွေဦးသခင်၏ ထမင်းကြော်ပန်းကန်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

"""၀က်ကလေးတစ်ကောင် လူစကားပြောတာကမှ ပိုပြီး အံ့ဩဖို့ကောင်းတာ မဟုတ်ဘူးလား..""

""ဦးစုတ်နော်.."
""ကဲ..တော်ကြပါတော့ကွာ..နွေဦးကလဲ..စားစရာရှိတာ မစားဘူး.ထမင်းကြော် တွေ အေးကုန်တော့မယ်..ရန်မဖြစ်ကြနဲ့တော့..""

ဒီနိုင်းခ ထပ်မံ၍ ၀င်ဟန့်လိုက်တော့မှ.ငြိမ်သွားကြလေသည်။

""ဦး..ကော်ဖီချည်းဘဲ သောက်မနေနဲ့လေ..ပန်းကန်ထဲက ထမင်းကြော်တွေလဲ အရာ မယွင်းသေးဘူး..ဘာဖြစ်လို့လဲ...နေမကောင်းလို့လဲ..""

သုန်သုန် ဆိုရင်း နွေဦးသခင် နဖူးလေးကို..သွားပြီ စမ်းကြည့်လိုက်လေသည်။

""ကိုယ်လဲမပူပါဘူး .ဦးရဲ့..""

""‌ငါနေကောင်းတယ်.ဗိုက်သိပ်မဆာလို့ပါ ...""

""ဒါပေမယ့်လဲ.ဦးရယ်..တစ်၀က်လောက်တော့ ကုန်အောင် စားမှပေါ့..တော်ကြာ အလုပ်ထဲမှာ ဗိုက်ဆာနေရင် ဘယ်လိုလုပ်မလဲ..""

""အင်းပါ..မင်းစကားကို နားထောင်တဲ့အနေနဲ့..နည်းနည်းလောက် ထပ်စားလိုက်မယ် ရပြီလား..""

""ဟုတ်..""

စောစောက.အခြေနေနဲ့မတူတော့ဘဲ..
အခုကျပြန်တော့လဲ..ပြုံးလို့ရွှင်လို့..ဖြစ်သွားကြသည့် နှစ်ယောက်..။

""ကဲ..ဒီမှာ ‌သုန်သုန်က  ပေါင်မုန့်ကြက်ဥကြော် ကြိုက်တယ်ဆိုလို့..ဦးဒီ ကြော်ပေးထားတယ်..စားကြည့်ပါဦး..""

ဆိုပြီး စားပွဲပေါ် လာချပေးသွားသည့်.ပေါင်မုန့်ကြက်ဥကြော်ပန်းကန်
ကို နွေဦးသခင် လှမ်းကြည့်လိုက်သည်။ အမြင်လှပြီး စားချင်စဖွယ်လေးဖြစ်နေလေသည်။အရင်က မိမိကြော်ကျွေးခဲ့ဖူးသော ပေါင်မုန့်ကြက်ဥ
ကြော်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါလျှင်..တကယ့် မိုးနှင့်မြေလို ကွာခြားလွန်းလှ၏။

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now