""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၄🌺🌺ရုပ်တည်ကြီးနဲ့နောက်တဲ့သူ🌺
""ဟင်...ဦးလေးကြီးက..ဒီဘက်ခြံမှာနေတာဟုတ်လား..""
""အင်း..ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ..""
""ဟာ..သုန်သုန်တို့နဲ့.ခြံချင်းကပ်ရပ်ဘဲ..အဲ့ဒါဆို..ဟိုတစ်လောလေးက.ပြောင်းလာတာ ဦးလေးကြီးတို့ပေါ့..""
""အင်း..ငါဒီရက်ကွက်ကိုပြောင်းလာတာ သိပ်မကြာသေးဘူးကွ..""
""ကျစ်..သုန်သုန်တို့များ ညံ့ချက်ကွာ..ကိုယ့်အိမ်ဘေးနားကို ဒီလို ခပ်ချောချောဦးလေးကြီး ပြောင်းလာတာကို မသိလိုက်ဘူးတဲ့ကွာ..""
""အမယ်..ချာတိတ်..မင်းငါ့ကို မြှောက်ဖို့ကြိုးစားနေတာလား..""
""ဘယ်ကသာ..သုန်သုန်တို့က..ဘယ်သူ့ကိုမှလဲ.မမြှောက်ဖူးဘူး..အရှိအရှိတိုင်းဘဲပြောတယ်..ဦးလေးကြီးက..ခန့်ချောကြီးမို့ ခန့်ချောကြီးလို့ပြောတာ....""
""ဟုတ်ပါပြီ ထားလိုက်ပါတော့..""
""ဦးလေးကြီး..သုန်သုန်ခဏနေရင်..ဦးလေးကြီးရဲ့အင်္ကျီကိုလာလျှော်ပေးမယ်နော်..."
""အင်းပါ..ချွတ်ထားလိုက်မယ်.""
🌺🌺🌺
""ကဲ..ဦးလေးကြီးရေ..သုန်သုန်..ဦးလေးကြီးရဲ့ အင်္ကျီကိုလျှော်ပြီးသွားပြီနော်..သေသေချာချာလေး..လက်နဲ့ ပွတ်ပြီးတော့ကို လျှော်ထားပေးတာနော်..""""ဟုတ်ပါပြီး..စွန်းထင်းသွားတဲ့အင်္ကျီကိုတော့..မင်းက လျှော်ပြီးသွားပြီ..စွန်းထင်းသွားတဲ့ငါရဲ့ဂုဏ်သိက္ခာအတွက်ကိုရော မင်းဘယ်လိုလျော်ပေးမလဲ..""
ဟုဦးနွေဦးသခင်က ညစ်ကျယ်ကျယ်လေးနဲ့မေးလိုက်သည်။
""ဘာကြီး..စွန်းထင်းသွားတဲ့..ဂုဏ်သိက္ခာ..ဟုတ်လား..သုန်သုန်..ဘယ်တုန်းက..ဦးလေးကြီးရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းအောင်လုပ်မိလို့လဲဗျ..""
""ဪ..မင်းဘဲစဉ်းစားကြည့်လေကွာ...ငံပြာရည်နံတစ်ထောင်းထောင်းနဲ့..ရက်ကွက်ထဲ ပတ်လျှောက်လာခဲ့ရတာ ဟိုလူက ကြည့် ဒီလူကကြည့်နဲ့
ငါရဲ့ဂုဏ်သိက္ခာတွေကျကုန်တာပေါ့ မဟုတ်ဘူး..""
![](https://img.wattpad.com/cover/240207460-288-k504307.jpg)