အပိုင်း🦋၃၂🦋

1.4K 183 16
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၂🌺

""ဟာ..ဟေ့ကောင်..ငမွှေကောင်...မမွှေ‌နဲ့နော်..ငါတကယ် စိတ်တိုလာရင်..မင်းကို တကယ်လုပ်မှာနော်..အား..အား..နာတယ်ဟ..နာတယ်လို့..ဟိတ်..မလုပ်နဲ့လေ...ဟေ့ ငမွှေကောင်.မင်းတော်တော့နော်...""
🦋🦋🦋🦋

""အမွှေစိန်‌..ဘယ်မှာလဲ.."

""ဟင်.ဦး..ရောက်လာတယ်..""

ရုတ်တရက်ကြီး..အနားကိုရောက်ချလာသည့် နွေဦးသခင်ကို ရတီ အူကြောင်ကြောင်လေး ငေးကြည့်ရင်း မေးလိုက်သည်။

""အမွှေစိန် ဘယ်မှာလဲ..စောစောက တွေ့လိုက်ပါသေးတယ်..""

""ဟို..toilet သွားတယ် ဦး..""

ရတီထိုသို့ ပြောလိုက်တော့ ချာခနဲ့ လှည့်ထွက်သွားသည့် နွေဦးသခင်..။

""ဟဲ့..မင်းမင်း..နင်ဦးဆီကို ဖုန်းဆက်လိုက်တာလား.."

""ဟင့်အင်း..ငါဖုန်းမဆက်ပါဘူး..""

""တစ်ခုခုတော့ တစ်ခုခုဘဲ...ဦးကဘာဖြစ်လို့..ချက်ချင်းကြီး ရောက်ချလာတာလဲ မသိဘူးနော်..ငါတို့ ဒီမှာ ရှိနေမှန်း သူ ဘယ်လို သိလဲမသိဘူး..""

🦋🦋🦋

       အမွှေစိန် အိမ်ကနေ ထွက်သွားကတည်းက..နွေဦးသခင် သုန်သုန်နောက်ကို လိုက်လာခဲ့မိသည်။ clubထဲမှာ သုန်သုန် လုပ်သမျှတွေကို နွေဦးသခင် မျက်စိဒေါက်ထောင့်ကြည့်နေခဲ့လေသည်။ သုန်သုန်အနား ၀ဏ္ဏဆိုသော သူ အတင်းကပ်ပြီး ကနေတုန်းကဆို နွေဦးသခင် ထို၀ဏ္ဏဆိုသော သူအား.လက်သီးနှင့် ဆွဲထိုး‌ချင်သည့် စိတ်များက တစ်ဖွားဖွား ဖြစ်ပေါ်‌
နေခဲ့၏။

    နောက်ပြီး ဘာရယ်ကြောင့်မှန်း မသိ တစ်စုံတစ်ခုအား စိတ်အလိုမကျဖြစ်ကာ..ဒေါသတွေ ဘဲ ထွက်နေခဲ့လေသည်။ အရမ်းကိုစပ်စလူးထ ပြီး သံစဉ်နဲ့အညီ လိုက်ကနေသည့် သုန်သုန်ကိုကြည့်ရင်း နွေဦးသခင် စိတ်မချတွေဖြစ်နေခဲ့မိသည် ။ ထိုနေရာကနေ သုန်သုန် လက်ကိုဆွဲပြီး ခေါ်ထုတ်သွားချင်ခဲ့မိတာအမှန်..။

    သို့ပေမယ့်..သူက သုန်သုန်နဲ့ ဘာမှမဆိုင်တဲ့ သူစိမ်းတစ်ဦးလေ.။
အဲ့လို ပိုင်စိုးပိုင်နင်း သွားလုပ်လို့ကလဲ မဖြစ်..။ ဒီအတိုင်း စိတ်မချခြင်းများစွာနဲ့ဘဲ နွေဦးသခင် သုန်သုန်ကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ရတော့သည်။
🦋🦋🦋
      ""ဟာ..မင်း အရမ်းလွန်လာပြီနော်..လင်း၀သုန်...ငါတကယ် စိတ်တိုလာပြီ.အခုချက်ချင်း..ငါ့ကိုလွှတ်ပေးစမ်း""

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now