အပိုင်း🌺၁၈🌺

1.8K 282 24
                                    

""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၈🌺

""မောနင်းပါ...ဦး..""

""အင်း..,မောနင်း..''

'"ညက သုန်သုန် ငြိမ်ငြိမ်လေးဘဲ အိပ်တယ်နော်..""

,""ဖူး...ဟုတ်ပါတယ် ငြိမ်ငြိမ်လေးဘဲ အိပ်တာပါ...,မျောက်ပေါက်စလေးလိုလေ""

နွေဦးသခင် ရွဲ့ပြီး ပြောလိုက်တော့ သွားတက်လေးတွေ ပေါ်အောင်ထိ ပြုံးရယ်ပြနေရှာသည့် သုန်သုန်..။

""ဟီး...ဟီး..ဟုတ်လား..ဒါပေမယ့်..ဦးက စိတ်မဆိုးတတ်ဘူးမလား..ဟုတ်တယ် မလား....""

""အင်းပါ တစ်ခါတစ်‌လေဘဲ..ရပါတယ်..မျက်နှာသစ်ပြီးရင်.အောက်ဆင်းလာခဲ့တော့ မနက်စာအတူစားဖို့အတွက် စောင့်နေမယ်..""

""ဟုတ်ကဲ့ပါ..ဦး..""

🦋🦋🦋
မနက်စာစားနေကြစဉ်
""ဦး.""

""အင်း..ဘာလဲ..""

""ဟိုလေ..သုန်သုန်ကို မမွေးစားချင်ဘူးဆိုရင်တောင်..အလုပ်လေးတစ်ခုတော့ မပေးချင်ဘူးလား.."""

""အလုပ်..ဟုတ်လား...""

""အင်း ..အလုပ်လေ..အလုပ်ကိုဗန်းပြပြီး..ဒီမှာ နေလို့ရမလားလို့ စဉ်းစားနေတာ..""

ကော်ဖီကိုသောက်ရင်း လူကြီးလေးတစ်ယောက်လို ပြောနေသည့် သုန်သုန်ကို ကြည့်ရင်း နွေဦးသခင် ပြုံးနေမိ၏။

""အင်း..အဲ့အကြံကတော့ မဆိုးပါဘူး..ငါတို့ ကုမ္ပဏီမှာ ၀န်ထမ်းလိုနေတယ်..၀င်လုပ်မလား.""

""၀န်ထမ်းလား..NO...စာရင်းတွေဘာတွေတွတ်ရတာ ခေါင်းရှုပ်လို့..သုန်သုန်နဲ့ဖြစ်မှာမဟုတ်ဘူး..""

""ဟင်..မင်းက ၀န်ထမ်းမလုပ်ချင်ဘူးဆိုတော့ ဘာလဲ..သန့်ရှင်းရေး
၀င်လုပ်ချင်လို့လား..""

နွေဦးသခင် ခပ်ရွဲ့ရွဲလေးမေးလိုက်သည်။

""ဟမ်..ဒီရုပ်ကိုသေချာကြည့်လိုက်စမ်းပါဦး...ဦးရဲ့..သန့်ရှင်းရေးလုပ်မဲ့ ရုပ်လားလို့...ဒီလောက်ချော.ဒီလောက်ချစ်စရာကောင်းတဲ့ ‌သူကိုမှ..သန့်ရှင်းရေးလုပ်ခိုင်းစရာလားဟွန့်..""

မျက်နှာလေးချီကာ မော့ကာနှင့် ရန်တွေ့နေပါသော..အမွှေစိန်ရယ်ပါ..။

ဦးချစ်သော.အမွှေစိန်လေးWo Geschichten leben. Entdecke jetzt