အပိုင်း🦋၂၇🦋

1.5K 208 6
                                    

"ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၇🌺

   အခုရက်ပိုင်း သုန်သုန် ဦးကို ရှောင်နေခဲ့မိသည်။ ဦးကိုမြင်ရင်..သုန်သုန် ရင်တွေ ခုန်ရလွန်းလို့ ရူးသွားမလားတောင် အောက်မေ့ရတယ်.။အခုရှောင်နေပြန်တော့လဲ ဦးကို လွမ်းသလိုလို..။ ဟူး..သုန်သုန်ဘ၀က လွယ်ကူမနေပါဘူးနော် ။တစ်အိမ်ထဲမှာ အတူတူနေနေတဲ့သူကို မတွေ့အောင် ရှောင်ပြီး လွမ်းနေရတဲ့ဘ၀က သိပ်ပြီးတော့ မစားသာလှဘူးရယ်..။

""ဟိတ်..""

""အမေ့...""

ဦးအလုပ်သွားပြီအထင်နဲ့ သုန်သုန် အောက်ထပ်ကို ခိုး‌ကြောင်ခိုးဝှက်ဆင်းအလာ..နောက်နားဆီက ထွက်ပေါ်လာသည့် ဦးအသံကြောင့် သုန်သုန်လန့်ဖျတ်သွားရလေသည်။

""ဪ..ဦး..အလုပ်သွားပြီလို့ ထင်နေတာ..ဒီနေ့အလုပ်မသွားရဘူးလားဟင်..""

""သွားမှာ...ငါအလုပ်မသွားခင် မင်းကိုအမိဖမ်းချင်လို့ စောင့်နေတာ .ကဲ..ပြောစမ်းပါဦး..မင်းအခုရက်ပိုင်း..ဘာဖြစ်လို့ ငါ့ကိုရှောင်နေတာလဲ.…""

""အဟား...ဟား..ဟား...သုန်သုန်က ဦးကိုရှောင်နေတယ် ဟုတ်လား..အဟား.ဟာသတွေ ပြောမနေပါနဲ့..
သုန်သုန်က ဘာဖြစ်လို့ ဦးကိုရှောင်ရမှာလဲဗျ..ရှောင်ရအောင် ဦးက သုန်သုန်ရဲ့အကြွေးရှင်မှ မဟုတ်တာ..""

ဟု သုန်သုန် ပက်ခနဲ့ ပြန်ပြောလိုက်လေသည်။

""တကယ်လား...တကယ်ဘဲ မင်းငါ့ကို
ရှောင်နေတာမဟုတ်ဘူးပေါ့.."

ပြောပြောဆိုဆိုနဲ့ သုန်သုန် အနားကို တိုးကပ်သွားသော နွေဦးသခင်.။
""ဒုတ်..ဒုတ်..ဒုတ်..ဒုတ်""(သုန်သုန်၏နှလုံးခုန်သံ)

သုန်သုန်အနားကို ဦးတရွေ့ရွေ့နဲ့တိုးကပ်လာတာအမျှ သုန်သုန်ရင်ခုန်သံတွေကလဲ ပို၍ ပို၍ မြန်ဆန်လို့လာနေသည်။

""ဘာသံလဲ..မင်းဆီကနေ ထွက်လာတဲ့အသံလား...""

""ဟင်..ဘာ....ဘာသံထွက်နေလို့လဲ..""

သုန်သုန် မလုံမလဲဖြစ်ပြီး အော်မေး‌လိုက်လေသည်။

""မသိဘူးလေ..ဘာအသံလဲဆိုတာ သေချာကြားရအောင် အနားကပ်ပြီး..နားထောင်ကြည့်မယ်လေ..""

ဦးချစ်သော.အမွှေစိန်လေးOnde histórias criam vida. Descubra agora