အပိုင်း🌺၁၄🌺

2K 241 7
                                    


""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၄🌺

🌺ဥာဏ်ကြီးရှင်သုန်သုန်🌺

."အား...ခေါင်းကိုက်လိုက်တာ....အန်တီတူးမာရေ...သုန်သုန်ကို ပျားသံပရာရည်လေး ဖျော်ပေးပါဦး...""

သုန်သုန် မီး​ဖိုချောင်ထဲကို ဒယီးဒယိုင်  နဲ့ဝင်လာရင်း ပြောလိုက်သည်.။

""ဖျော်ထားပြီးသား သခင်လေး ဒီမှာ သောက်လိုက်....အရက်တို့ ဝိုင်တို့ မသောက်နိုင်ဘဲနဲ့ ဘာဖြစ်လို့များ သောက်ရတာလဲ သခင်လေးရယ်..""

""ဟာ အန်တီတူးမာကလဲ ခေါင်းကိုက်နေပါတယ်ဆိုမှ.. ပွစိပွစိလာလုပ်နေတယ်.....သောက်ချင်လို့သောက်တာ ကြာလာရင် အကျင့်ဖြစ်သွားလိမ့်မယ်ပေါ့.. ""

သုန်သုန် မကျေမချမ်းဆိုရင်း ပျားသံပရာရည်လေးကို သောက်လိုက်သည်. ။ ပျားသံပရာလေးကိုသောက်ရင်း မနေ့က အဖြစ်ပျက်​တွေကို ပြန်စဥ်းစားနေမိသည်..။ခေါင်းထဲ တ်ိုးဝင်လာသည့် အဖြစ်ပျက်တွေက ကောင်းတာဘာတစ်ခုမှမရှိ..။

"အား...သေပြီ...သေပြီ...မြွေပေါက်တော့ ခံရပါပြီ...သုန်သုန်တို့တော့..""

ဟု အလန့်တကြားနဲ့ ထအော်ပြောလိုက်သည့် သုန်သုန်။။

"အမယ်လေး..မြွေ..မြွေဟုတ်လား..ဘယ်မှာလဲ...ဘယ်မှာလဲ..မြွေ..""

အန်တီတူးမာက မြွေဆိုတဲ့ အသံလဲကြားရော မီးဖိုချောင်ထဲ ပတ်ပြေးနေလေတော့သည်။

"ဟာ...အဲ့အန်တီတူးမာကလဲ ကြောက်တတ်လိုက်တာ‌ဗျာ..ဘာမြွေမှမရှိပါဘူး..""

""ဪ..စောစောက သခင်လေးဘဲ မြွေပေါက်ခံရပြီဆိုပြီး ထအော်နေတာလေ..""

""ဪ..အဲ့ဒါတင်စားပြီး စကားအဖြစ်နဲ့ပြောလိုက်တာပါ..မနေ့က..
ဦး နဲ့ဟိုလူကြီးကို...သုန်သုန်မူးပြီး..ရစ်ခဲ့တာတွေကို သတိရသွားလို့..အဟင့်..အဟင့်...သုန်သုန်တော့ သွားပါပြီ အန်တီတူးမာရယ်..မနေ့က..လျှာရှည်ပြီး ဝိုင်ကိုမသောက်မိခဲ့ရင် အကောင်းသား...အခုဝောာ့...အခုတော့....""

သုန်သုန် စားပွဲခုံပေါ်  မျက်နှာ အပ်ထားရင်း တစ်ရှုံ့ရှုံ့နဲ့ ငိုနေမိတော့သည်။ မနေ့က အပင်ပန်းခံထားသမျှတွေအကုန်လုံး ရေ‌စုံမျှောကုန်ပါပြီဆိုပြီး ယူကြုံးမရဖြစ်နေမိတော့သည်။

ဦးချစ်သော.အမွှေစိန်လေးTempat cerita menjadi hidup. Temukan sekarang