အပိုင်း🌺၅🌺

3.4K 369 27
                                    


""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၅🌺

🌺အမွှေစိန်ဟုခေါ်သည်။🌺

     မနေ့ညက လချုပ်စာရင်းတွေ စစ်နေတာနဲ့ဘဲ ညအတော်မိုးချုပ်မှ ဦးနွေဦးသခင် အိပ်ပျော်ခဲ့လေသည်။

""အပြစ်မမြင်ပါဘူး..ချစ်ချင်တာဘဲ သိတဲ့နောက်...ဖြစ်သမျှဟာ အကောင်းဘဲပေါ့..မင်းရင်ခွင်နဲ့..ခွဲခွာ‌နေဖို့မရဲပါဘူး.….အနား  နားမှာအမြဲရှိပါရစေ...""

နားထဲ တိုး၀င်လာသည့် အသံစူးစူးလေး..။ဝိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်ပါဘူး သီချင်းကို ယောက်ျားလေးတစ်ဦးက ဟန်ပါပါ အသံပါပါနှင့်ကို ဆွဲငင်ပြီး ဆိုနေလေသည်။
    ဦးနွေဦးသခင်လဲ ထိုသီချင်းဆိုနေသည့်အသံကြောင့် အိပ်ရာကနေ နိုးလာခဲ့သည်။ အသံက အရမ်းကို ရင်းနှီးနေသည့် အသံ..။ ဦးနွေဦးသခင် အိပ်ရာကနေ ထလိုက်ပြီး..အသံလာရာ ခြံထဲကို ပြတင်းပေါက်ကနေတစ်ဆင့် ငုံ့ကြည့်လိုက်၏။
       ခြံထဲမှာ ဇိမ်ပြေနပြေ အ၀တ်လှမ်းနေသည့် အမွှေစိန်ကို တွေ့လိုက်ရ၏။

""‌ဪ ..အသံက ရင်းနှီးနေပါတယ်လို့ထင်နေတယ် ..လက်စသတ်တော့ အမွှေစိန်ဘဲ ကိုး...မနက်စောစော ငါ့ရဲ့အ၀တ်စားတွေ လာလျှော်ပေး‌ေနတာဘဲဖြစ်ရမယ်..ဒါနဲ့ အ၀တ်စားတွေက များလှချည်လား...""

ခြံထဲကအ၀တ်လှမ်းသည့် ကြိုးများပေါ်မှာ နေရာယူထားသည့် အ၀တ်စားများက များပြားနေလေသည်။
ဦးနွေဦးသခင် ရင်ထိတ်သွားကာ..အလျှင်အမြန် သူ၏ အ၀တ်စားဘီရိုကို ဖွင့်ကြည့်လိုက်တော့ ဘာအ၀တ်စားမှမရှိတော့ပေ..။

""ဟင်...""
ချက်ချင်းဘဲ မဆိုင်းမတွနဲ့ ဦးတာတီးအား အော်ခေါ်ရလေပြီ..။

""ဦးတာတီးရေ...ဦးတာတီး..""

""ဗျာ...လာပြီ သူဌေး..."""

အပြေးလေးရောက်ချလာသည့် ဦးတာတီးကို..ဗလာရှင်းနေသည့် အ၀တ်စားဘီရိုကို လက်ညိုးထိုးပြရင်းနှင့်..

""ဒါ...ဘယ်လိုတွေ ဖြစ်ကုန်တာလဲ..""

""ဪ..အဲ့ဒါက..ဟိုကလေး လက်ချက်ပေါ့ သူဌေးရဲ့..သူဘဲ သူဌေးရဲ့ အ၀တ်စားဘီရိုထဲက အင်္ကျီတွေကို အကုန်လုံးကို လျှော်ပစ်လိုက်တယ်လေ...""

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now