""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၈🌺🌺မွှေစိန်ရဲ့ဦးကလဲ မွှေစိန်လိုဘဲ🌺
"ဦး သုန်သုန်ကို ကြေးအိုးဝယ်ကျွေးမှာဆို အဲ့ဒါကြေးအိုးဆိုင်မမောင်းဘဲ. ဘာဖြစ်လို့ အိမ်ပြန်လာတာလဲ ""
."သြော် စိတ်ချပါ..မင်းစားချင်တဲ့ ကြေးအိုး အိမ်မှာရှိပါတယ်..""
""ဟင် အိမ်မှာ ဝယ်ခိုင်းထားတာလား..""
."အင်း..""
🌺🌺🌺
သုန်သုန်ရှေ့ကို လာချပေးသည့် ကြေးအိုးကြီးကိုစိုက် ကြည့်ရင်း""ဒါက ဘာကြီးလဲ..""
""ကြေးအိုးလေ..မင်းဘဲစားချင်တယ်ဆို.စားနိုင်ရင်စား..ကြေးမစစ်မှာတော့မပူနဲ့ အဲ့အိုးက ဦးတို့ဘိုးဘွားပိုင်လက်ထပ်ကတည်းက ကြေးအိုးကြီးဆိုတော့100% ကြေးစစ်တယ်..".
"""အား......ဒီဦးနော်..လာပြီး..မျက်နှာပြောင်နေတယ်..သုန်သုန်ပြောတဲ့ ကြေးအိုးက ဒါကြီးမှမဟုတ်တာ..""
သုန်သုန်တစ်ယောက် ဒေါသူပုန်ထကာ နုတ်ခမ်းကြီးစူရင်းပြောလိုက်သည်။ ထိုအချိန် ဦးနွေဦးသခင်တစ်ယောက်က မပြောမဆို နဲ့ ကြေးအိုးကြီးကို ခေါင်းမှာကောက်ဆောင်းလိုက်၏။
ဦးလုပ်ရပ်ကြောင့် သုန်သုန် ငိုရအခက် ရယ်ရခက်ကြီး ဖြစ်သွားသည်။သို့ပေမယ့် ဆက်လက်၍ နူတ်ခမ်းကိုစူထားကာ..
""အဲ့ဒါ ဘာအရူးထနေတာလဲ. ""
""သြော်...ကောင်လေးတစ်ယောက် စိတ်ဆိုးပြီး နုတ်ခမ်းကြီး တစ်တောင်လောက်ရှည်ထွက်အောင် စူထားနေလို့..တော်ကြာ ဦးရဲ့မျက်နှာကို အဲ့နုတ်ခမ်းကြီး လာမှန်မှာကြောက်လို့..ကြေးအိုးကြီးကို ဆောင်းထားတာ..""
""ဟာ...ဦးနော်....အား..သုန်သုန်တကယ်စိတ်တိုလာပြီနော်..ဦးအကျင့်ပုတ်...သုန်သုန်ကိိုဆို..အလိုလိုက်မလိုနဲ့..အမြဲနှိပ်စက်တယ်..အကျင့်ကိုမကောင်းဘူး..အီး..ဟီး..ဟီး.""
သုန်သုန်ပြောရင်း..ကြမ်းပြင်ပေါ် ခြေဆင်းထိုင်ကာ ..အော်ငိုနေလေသည်. ။ အသံဘဲထွက်ပြီး မျက်ရည်ကမထွက်..။
""ဟား...ဟား..မျက်ရည်မကျဘဲ တမင်အာပြဲကြီးနဲ့ အော်ငိုမနေပါနဲ့..ဦးကစနေတာ ..မွှေစိန်စားချင်တဲ့ ကြေးအိုး ဝယ်ခိုင်းထားပါတယ်ဗျာ..""