""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၁🌺"" ဒါဘယ်သွားမလို့လဲ သုန်သုန်..""
ခါတိုင်းထက် ၀တ်စားပြင်ဆင်ထားသည့် သုန်သုန်ကို ကြည့်ရင်း နွေဦးသခင် မျက်မှောင်ကြီးကြုပ်ကာ မေးလိုက်မိသည်။""ဪ...ဦးပြန်လာပြီလား..""
""အင်း.ဒီမှာ မင်းအတွက်တောင် မုန့်တွေ ၀ယ်လာခဲ့သေးတယ်..""
""ကျေးဇူးပါဦး...ဒါပေမယ့် သုန်သုန် အခု သူငယ်ချင်းတွေနဲ့ အပြင်သွားမလို့..""
""ဒီအချိန်ကြီး..ဘယ်ကိုသွားကြမလို့လဲ.."
""ဪ..ဦးကလဲ..ဒီအချိန် အပြင်ထွက်မှတော့..night out ပေါ့လို့...club
သွားပြီး အပြတ်ကဲမလို့လေ.. club သွားပြီး မကရတာလဲ ကြာပြီဆိုတော့လေ..""""နေပါစမ်းပါဦး.မင်းက club ကိုဘယ်သူတွေနဲ့သွားမှာလဲ.."
""ရော်..ဦးကလဲ..သုန်သုန်ရဲ့သူငယ်ချင်းတွေနဲ့လေ.."
""အဲ့ သူငယ်ချင်းတွေက ဘယ်သူတွေလဲ..ဘယ်နှစ်ယောက်သွားမှာလဲ..သေချာပြောလေကွာ..""
နွေဦးသခင် စိတ်အလိုမကျစွာနှင့် မေးလိုက်သည့် အသံက အနည်းငယ် ခက်ထန်သွားလေသည်။
""မင်းမင်းနဲ့ရတီတို့နဲ့သွားမှာ.ရပြီလား..""
""အဲ့ဒါဆိုရင်လဲ..မင်းအခု ၀တ်ထားတဲ့ ဘောင်းဘီနဲ့တော့ သွားလို့မရဘူး..အခုချက်ချင်း ဘောင်းဘီရှည်နဲ့သွားပြန်လဲ၀တ်ခဲ့...""
""ဟာ..ဦးကလဲ..သုန်သုန် အခု၀တ်ထားတဲ့ ဘောင်းဘီက ဘာဖြစ်နေလို့လဲ..""
သုန်သုန် စိတ်မရှည်ဟန်နဲ့ မေးလိုက်သည်။
""ဘာဖြစ်နေလို့..ဟုတ်လား..မင်းအခု၀တ်ထားတဲ့..ဘောင်းဘီကို လဲ ပြန်ငုံ့ကြည့်ဦးလေ..ဒီလောက်တိုနေတာကို...ဒီပုံစံနဲ့ clubသွားပြီး..အန္တရယ်ကိုဖိတ်ခေါ်မလား..""
နွေဦးသခင် ဒေါသတကြီးနဲ့ အော်ပြောလိုက်မိလေသည်။ ဒူးအထက် ပေါင်လည်လောက်သာ ရှိသည့် ဂျင်းဘောင်းဘီလေးကို ၀တ်ထားသည့် သုန်သုန်ကိုကြည့်ရင်း..နွေဦးသခင် စိတ်ထဲ လုံး၀အလိုမကျ..ဒေါသတွေဘဲ ထွက်နေမိတာအမှန်..။
