""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၅🌺သုန်သုန်ဆေးရုံတက်လိုက်ရတဲ့ သတင်းကို ကြားကြားချင်း ရတီရော မင်းမင်းပါ ဦးနွေဦးသခင်၏
အိမ်ကိုရောက်ချလာခဲ့လေသည်။ သုန်သုန်လဲ ပီဇာတွေ မှာပြီး သုန်သုန်အခန်းထဲမှာဘဲ စုစားကြရင်း စကားတွေပြောဖြစ်ခဲ့ကြလေသည်။""ဟဲ့. .သုန်သုန် နင် ရည်းစားတွေဘာတွေ ရနေပြီလား.""
အစမရှိ အဆုံးမရှိနှင့် ကောက်ခါငင်ခါ
မေးလာသည့် ရတီစကားသံကြောင့် သုန်သုန် ကိုက်လက်စ ပီဇာလေးကို ဆက်ဘဲစားရမလား..အောက်ဘဲပြန်ချလိုက်ရမလား..ဖြစ်သွားကာ..ရတီကိုပြူးကြောင်ကြောင်လေး ကြည့်လိုက်သည်။ ဘေးနားက မင်းမင်းကလဲ သုန်သုန်ဆီက ပြန်ဖြေလာမည့် အဖြေစကားကို နားစွင့်နေသည့်ဟန်နှင့် သုန်သုန်အား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလျှက်..။
သုန်သုန်ပါးစပ်ထဲရောက်နေပြီဖြစ်သည့် ပီဇာကိုတစ်ကိုက်လေးကိုက်..အမြန်ဝါး ပြီး မြိုချရင်းနှင့်""နေစမ်းပါဦး.ဆိုင်းမဆင့်ဗုံမဆင့်နဲ့.ဘာဖြစ်လို့ အဲ့လိုလာမေးနေရတာလဲ..""
"ဟဲ့..ဘာဖြစ်ရမှာလဲ .နင့်မျက်နှာကြီးက..glow နေလို့လေ..""
""အမယ် ဒါများ အထူးဆန်းလာလုပ်နေသေးတယ်.ငါအသားရည်က..ငါမွေးလာကတည်းက .glow နေတာပါနော် . ""
""အယ်..အယ်...စကားကြီးစကားကျယ်တွေ အရမ်းပြောတာဘဲ..တော်ကြာပါးစပ်နဲ့မဆံ့ဖြစ်ပြီး လည်ချောင်းမှာ
စကားလုံးတွေတစ်ပြီး သေနေဦးမယ်..မသာလေးရယ် ..ငါက..တင်စားပြီးမေးလိုက်တာဟဲ့..ကိုယ်ကိုယ့်ကို အဟုတ်ကြီး ထင်မနေနဲ့ဦး..""""လဒမလေးရယ်...လည်ချောင်းမှာ စကားလုံးတွေတစ်ပြီး သေမဲ့သူက..နင်ပါနော်
.မေးစရာရှိတာ ဒဲ့မမေးဘူး..ဝေ့ဝိုက်ပြီး စကားကြောကိုရှည်လို့ကိုမဆုံးဘူး..""""ဟုတ်ပါပြီ..ဟုတ်ပါပြီ...မြှောက်စားလို့မရတဲ့..ရွှေကိုယ်တော်ချောလေးရယ်..နင်အခုတလော..နင်မျက်နှာကြီးက..ပြုံးရွှင်တော်မူနေလို့ .ရည်းစားတွေဘာတွေများ ရနေပြီလားလို့ မေးတော်မူတာပါတော် .""
