အပိုင်း🍀၁🍀

16.4K 643 37
                                    

""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁🌺

🌺 လမ်းခွဲခံရခြင်းအနုပညာ🌺
  
""လင်း၀သုန် ..မင်းနဲ့ငါ ဘယ်လိုမှရှေ့ဆက်လို့မဖြစ်တော့ဘူး""

ရုတ်တရက်ကြီး ပြောချလာသည့်..
စည်သူ ၏စကားတွေကို သုန်သုန် နားမလည်..။မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စည်သူ စိတ်ဆိုးမပြေ
သေးတာများလား...။

""သူသူရယ်..သုန်သုန်တောင်းပန်ပြီးပြီဘဲဟာကို..စိတ်မဆိုးပါနဲ့တော့နော်..""

""တော်ပါ..မင်းကလေ..လုပ်တုန်းကလုပ်ပြီး တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးနဲ့ ပြီးပြီးရော အမြဲလုပ်နေကြလေ..""

""သုန်သုန်တကယ်တောင်းပန်ပါတယ် သူသူရယ်...သူသူလဲ ပြီး ပြီးရော ဆိုပြီး..သုန်သုန်နဲ့ လမ်းမခွဲချင်ပါနဲ့..""
သုန်သုန်တစ်ယောက် နုတ်ခမ်းလေးဆူရင်းနှင့်ဆိုသည်။
စည်သူတစ်ယောက် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်ရင်း..

""‌ပြီး ပြီးရော ဆိုပြီး ငါလမ်းခွဲနေတာ မဟုတ်ဘူး လင်း၀သုန်..ငါတကယ့်..မင်းကို အရမ်းဘဲစိတ်ကုန်နေပြီ..လင်း၀သုန်..မင်းကလေ ကျပ်မပြည့်တာလိုလို ဂေါက်နေတာလိုလိုနဲ့..ငါ့ကိုအရူးလုပ်ပေါင်းများနေပြီကွ..""

""အီး...ဟီး..ဟီး..သုန်သုန်က သူသူ ကိုချစ်လွန်းလို့ သ၀န်တိုမိတာပါ..အဟင့်..သူသူအမေက ..နုပြီးချောနေတော့..သုန်သုန်က အမေလို့မထင်ဘဲ..အထင်လွဲသွားမိတာပါ..
.အီး..ဟီး...ဟီး..အဟင့် အဟင့်...ရွှတ်..ရွှီး...အင့်..."""

""ဟာ..လင်း၀သုန်..မင်းမညစ်ပတ်နဲ့..""
သုန်သုန်တစ်ယောက် နှပ်ညစ်ပြီး..စည်သူ၏ အင်္ကျီ စမှာ သွားသုတ်လိုက်တာကြောင့်..စည်သူတစ်ယောက် ဆွေ့ဆွေ့ခုန်‌ဖြစ်သွားလေသည်။
  လင်း၀သုန်ဆိုသော သုန်သုန်၏ ဒဏ်ကိုစည်သူမခံနိုင်တော့...။စည်သူက..မြွေကြောက်တတ်သူ..။တစ်ခါက..စည်သူအတွက်လက်ဆောင်ဆိုပြီး လည်ပင်းမှာ မြွေရုပ်ကိုလာ ပတ်ပေးသူ..။အဲ့တုန်းက..စည်သူ လန့်ပြီး ၃ရက်လောက်ဖျားသွားသည်။ စည်သူဖျားသွားတာ သူ့ကြောင့်ဆိုပြီး..ငိုကြီးချက်မနဲ့..တောင်းပန်စကားတို့ဆိုပြန်သည်။
နောက်တော့...စည်သူအတွက်ဆိုပြီး ဆန်ပြုတ်ပြုတ်ပေးပြန်သည်။ထိုဆန်ပြုတ်ထဲတွင် ငရုတ်သီးစိမ်းများထောင်းထည့်ထားသလို ငရုတ်ကောင်းမှုန့်များပါ အဆစ်ပါသေးသည်။  ထိုဆန်ပြုတ်ကို သောက်မိသော စည်သူတစ်ယောက်ခဗျာ...စပ်လွန်း၍ သီးတောင်သီးသွား၏။
သုန်သုန်ဆီက အကြောင်းပြချက်စကားများက ဤသို့နှယ်..။
""သုန်သုန်ကလေ...သူသူ အပူတွေ အခိုးတွေပွင့်ထွက်ပြီး အမြန်နေကောင်းအောင် စေတနာနဲ့ ဆန်ပြုတ်ထဲ ငရုတ်သီးတွေ ထောင်းထည့်လိုက်တာပါ..""တဲ့လေ..။နောက်တော့ သူဘဲ ငိုပြီး တောင်းပန်ပြန်သည်။
     အမြဲတစေ ဒုက္ခပေးတတ်သည့် လင်း၀သုန်..။ အဆိုးဆုံး ကိစ္စတစ်ခုကတော့..စည်သူရဲ့အမေနဲ့ ဖြစ်ခဲ့သည့်ကိစ္စပင်..။
     လင်း၀သုန်နဲ့ စည်သူက ယောက်ျားလေးချင်း မေတ္တာမျှနေကြသည့်သူတွေလေ..။ စည်သူက သူယောက်ျားလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေတယ်ဆိုတဲ့ကိစ္စကို သူ့အိမ်ကမသိအောင် ဖုံးကွယ်ထားခဲ့လေသည်။
နောက်ပြီး လင်း၀သုန်ကိုလဲ သူ့မိဘတွေနဲ့ ပေးမ‌တွေ့ခဲ့ပေ..။ ထိုအရာက လင်း၀သုန်ကို အမှားကြီးကြီး လုပ်စေမိခဲ့၏။
    မနေ့က ဖြစ်သည်။ စည်သူ သူ့အမေနဲ့ ကုန်တိုက်တစ်ခုမှာ အဖော်လိုက်ပေးခဲ့လေသည်။ထိုကုန်တိုက်မှာ မမျှော်လင့်ဘဲ သုန်သုန်နှင့်ဆုံသည်။
အဲ့မှာ စည်သူနဲ့ သူ့အမေကို..သုန်သုန်တစ်ယောက် အထင်လွဲပါလေရောလား..။ ဇွတ်အတင်း..သူသူ ..သူသူဆိုပြီး..စည်သူလက်ကို အတင်းဆွဲသည်။
စည်သူအမေလဲ အံ့အားသင့်ပြီး..
""ဟဲ့ စည်သူ..သူကဘယ်သူလဲ ""
မေးပါလေရော..။အဲ့မှာ သုန်သုန်က..
စည်သူရဲ့လက်ကို သူလက်မောင်းကြားညှပ်ထားပြီး..
"ဒီမှာ...ဒေါ်အစစ်မကြီး..သူသူက..သုန်သုန်ယောက်ျား..လာပြီး နှိုက်မြည်းဖို့တော့မကြံလေနဲ့"
လို့ ပက်ခနဲ့ပြန်ပြောလိုက်တာ စည်သူအ‌မေ.ခဗျာ..သူသား gayဖြစ်နေကြောင်းရိပ်မိသွားပြီး သွေးတိုးကာ မူးမေ့လဲသွားရှာတော့၏။
    ထိုသို့သော ပြဿာမီးများကိုလောင်
   စေခဲ့သည့် လင်း၀သုန်ကို စည်သူ စိတ်ပျက်မိတာ အမှန်..။ စည်သူအိမ်က သုန်သုန်နဲ့ဖြစ်နေတဲ့ကိစ္စကို သိသွားတော့ ဇွတ်အတင်း ဖြတ်ခိုင်းသည်ကလဲ ပါသည်။

ဦးချစ်သော.အမွှေစိန်လေးDonde viven las historias. Descúbrelo ahora