အပိုင်း🦋၂၈🦋

1.3K 164 2
                                    

""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၈🌺

     ""ဒီမှာ အချိုပွဲရပါပြီ..""
ဆိုပြီး.သုန်သုန်ရှေ့မှာ ချလာပေးသည့်
ကိတ်မုန့်ကြီးကို သုန်သုန် တအံ့တဩနဲ့ ငေးကြည့်လိုက်မိသည်။

""ဦးဦးဒီ..ဒါလဲ ဦးဦး လုပ်ထားတာလား.."

""အင်း..ဒါပေါ့.ဒီကိတ်မုန့်က.
.ဦးဒီ ကိုယ်တိုင် ဖုတ်ထားတာ....သုန်သုန်က စတော်ဘယ်ရီသီးကြိုက်တယ်ဆိုလို့.စတော်ဘယ်ရီတွေ အများကြီးတောင် ထည့်ထားသေးတယ်ဗျာ့.""

""ဟေး..ပျော်လိုက်တာ..ဟီးဟိ..""

သုန်သုန် လက်ခုပ်လေးတီးပြီး ကလေးငယ်လေးလို့ ပျော်နေရှာသည်။
ကိတ်မုန့်ကို...တစ်ဇွန်းလောက်
ခပ် စားကြည့်ပြီး..
""အိုး..good ..good..စားလို့ကောင်းတယ်..""

""ကောင်းတယ်ဆို..ကုန်အောင်စားရမှာနော်..သုန်သုန်စားဖို့အတွက် ဦးဒီက လုပ်ပေးထားတာ..""

""ဟင်...ဦးဒီကလဲ...ကိတ်မုန့်က အကြီးကြီး..""

""ဟင်..ဘာလဲ..မကုန်လို့လား.""

""အဟီး..ကုန်တယ်လို့....ဦးဒီနော်..သုန်သုန်ဝိတ်တက်လာရင်.ဦးဒီကြောင့်ဘဲ..""

""အမယ်လေး..သုန်သုန် ဖက်တီးပုတ်လေး.ဖြစ်သွားရင် ပိုတောင်ကောင်းသေး..စိတ်ချ.ဦးဒီက..သုန်သုန်
ဖက်တီးလေးဖြစ်သွားလဲ အချစ်တွေလျော့မသွားစေရဘူး..""

ဟု ဆိုလာသည့် ဦးဒီစကားတွေကြောင့် သုန်သုန် ဆွံ့အလို့သွားလေသည်။ မျက်လုံးအပြူးသားလေးနှင့် ဦးဒီကို ပြူးကြောင်ကြောင်လေး ငေးကြည့်နေမိသည်။

""အဟက်.  သုန်သုန်က တကယ့်ကလေးလေးအတိုင်းဘဲ.နုတ်ခမ်းမှာ
Creamတွေပေနေတယ်ကွ..""

ဟုဆိုရင်း.သုန်သုန်နုတ်ခမ်းလေးမှာ
ပေနေသည့် creamတွေကို သူ့လက်ချောင်းလေးတွေ သုတ်လိုက်ပြီး..လျှက်လိုက်သည့် ဦးဒီရဲ့ လုပ်ရပ်တွေကြောင့် သုန်သုန် ဒုတိယအကြိမ် အံ့ဩလို့သွားခဲ့ရပြန်၏။

""ဘာတွေ အံ့ဩနေတာလဲ.သုန်သုန်ရဲ့.ဦးဒီက.သုန်သုန်ကို.....""

ဒီနိုင်းခ စကားမဆုံးသေးခင်..သူတို့ဆီကို လာနေသည့် နွေဦးသခင်တာကြောင့်.ဒီနိုင်းခ တစ်ယောက် ပြောလက်စ စကားများကို ရပ်ပစ်လိုက်ရလေသည်။

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now