အပိုင်း🍀၂🍀

4.5K 534 44
                                    


""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂🌺

🌺EXအား ကလဲ့စား‌ချေခြင်း🌺

        တစ်နေ့သော မနက်..။ ပေါက်တီးပေါက်ရှာ လုပ်တဲ့နေရာမှာ နာမည်ကြီးနေသော လင်း၀သုန်...။ရက်ကွက်ထဲမှာ အမွှေစိန်ဟူသော ဂုဏ်ပုဒ် ကို သိမ်းပိုက်ထားသောသူ..။လတ်တလော ထိုအမွှေစိန် သုန်သုန်လေးအား...
အနေထိုင်တည်ငြိမ်ပြီး..အလွန်မာနကြီးသူ..ဂုဏ်သိက္ခာကြီးမားပြီး နာမည်ကျော်နေသူ ဦးနွေဦးသခင်တစ်ယောက် စိတ်၀င်စားနေမိ၏။
      ဒီနေ့မနက်လဲ...သုန်သုန်၏ ၀တ်စားဆင်ယင်ထားသည့်ပုံစံကြောင့်..ဦးနွေဦးသခင် ၏စိတ်၀င်စားမှုများက ပိုမို၍ မြှင့်တက်နေလေပြီ..။
နွေခေါင်ခေါင်ကြီးမှာ...အနွေးထည်အင်္ကျီထူထူလက်ရှည်နှင့် အနွေးဘောင်းဘီရှည်ထူထူကြီးကို ၀တ်ဆင်ထား၏။ထိုအပြင်.လက်နှစ်ဖက်စလုံးကိုလဲ လက်အိတ်၀တ်ထားသလို..ခေါင်းပေါ်မှာလဲ Helmet ကိုဆောင်းထားသေး၏။ ထိုအပြင်..လည်ပင်းမှာလဲ..မာဖာလာကြီး..ပတ်ထားသေးသည်။
ဘယ်နေရာကြည့်ကြည့် သုန်သုန်တစ်ယောက်သူ့၏ အသားများကိုမမြင်ရလေအောင် တမင်ဖုံးကွယ်ထားသည့်အလား ထင်မှတ်ရလောက်၏။
   ကြည့်ရသည်မှာဖရိုဖရဲ..ဖိုသီဖတ်သီနှင့်..ကိုးရိုးကားရား နိုင်လွန်းလှ၏။
ဒီကလေးဘာမဟုတ်တာတွေ လုပ်မလို့လဲမသိ..။ဦးနွေဦးသခင် အရမ်းကို စိတ်၀င်စားနေလေသည်။
ပြိုင်ဘီးလေး စီးပြီး ထွက်သွားသည့် သုန်သုန်နောက်ကို..ဦးနွေဦးသခင်‌တစ်ယောက်မယောင်မလည်..ကားနဲ့ နောက်ယောင်ခံပြီး လိုက်သွားလိုက်၏။
🌺🌺🌺
    
        ဟော..သူရပ်သွားပြီ..။ဦးနွေဦးသခင်လဲ သုန်သုန်နဲ့ မလှမ်းမကမ်းတစ်နေရာမှာ ကားကိုရပ်လိုက်ပြီး..ချောင်းကြည့်နေမိသည်။
မကြာပါ..သုန်သုန်အနားကို လူငယ်လေးတစ်ဦး ရောက်လာသည်။ ဦးနွေဦးသခင်လဲ ဘာတွေဆက်ဖြစ်မလဲ သိလိုဇောကြောင့် ကားပေါ်ဆင်းကာ..အနားမှာရှိနေသည့် ချုံလေးကို ကွယ်ပြီး အသာနားစွံ့နေမိ၏။ ဩဇာအာဏာကြီးမားလွန်းလှသည့်
ကုမ္ပဏီ သူဌေးတစ်ဦး.. ဦးနွေဦးသခင်တစ်ယောက်.အခုတော့ ချုံကြားထဲကနေ အတွဲချောင်းနေရသည့် ဘ၀သို့ရောက်မှန်းမသိ ရောက်သွားနေလေပြီ..။

ဦးချစ်သော.အမွှေစိန်လေးOpowieści tętniące życiem. Odkryj je teraz