""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၀🌺တရွေ့ရွေ့နဲ့ သုန်သုန်အနားကို..တိုးကပ်လာသည့် ငခန့်ကို..သုန်သုန် တုန်တုန်ယင်ယင်လေးနဲ့ ငေးစိုက်ကြည့်ဝနေမိတော့သည်။
""ဟေ့လူ..ရှေ့ဆက်တိုးမလာနဲ့တော့နော်...""
""အဟက်..ဘာလဲ..အခုတော့ မင်းကြောက်နေပြီမလား..""
ကြောက်တယ်.ဟုတ်လား..။ အမွှေစိန်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကိုမှမထောက်..ငါအခု ကြောက်ဒူးတုန်နေတာလား.။ရာဇ၀င်ရိုင်းလိုက်တာ သုန်သုန်ရာ.။
ကြောက်တယ်ဆိုတိုင်း.ဒီအတိုင်း ငြိမ်ခံနေတတ်တဲ့အထဲ မှာ ငါမပါဘူးလေ.။ကြောက်စိတ်ဟုတ်လား..အဲ့ကြောက်စိတ်ကို ဒူးနဲ့တိုက်ပစ်လိုက်စမ်းပါ..သုန်သုန်ရ..။ ဟုတ်တယ်..ငါအခုကြောက်နေပေမယ့်. ..အဲ့ကြောက်စိတ်ကို..အင်အားအဖြစ် ပြောင်းလဲပစ်ရမယ်.။""ကြောက်တယ်..ဟုတ်လား.အခုမင်းက..ငါ့ကိုကြောက်နေတယ်လို့..ထင်နေတာပေါ့..ငါကြောက်နေလား..မကြောက်နေဘူးလားဆိုတာ..သိချင်ရင်..ရှေ့တိုးလာခဲ့လေ..မင်းကောင်းကောင်းကြီး နောင်တရသွားအောင်..ငါလုပ်ပစ်လိုက်မယ်.."
သုန်သုန် ခါးထောက်ပြီး ရုပ်တည်ကြီးနှင့်ဆိုလိုက်သည်။
""နောင်တရမယ့် သူက မင်းဘဲဖြစ်စေရမယ်.လင်းဝသုန်..စောင့်ကြည့်လိုက်စမ်းပါ..""
ငခန့်က ဆိုရင်း.သုန်သုန်အနားကိုလျင်မြန်စွာနှင့် တိုးကပ်လို့လာခဲ့သည်။
""ဟိုး...ခဏ..ခဏ...ငါ့အနားကို မလာခဲ့နဲ့ဦး""
သုန်သုန် အလျင်မြန်နှင့်အော်ပြီးတားလိုက်တော့ ငခန့် ခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွားလေသည်။
""ဟား..ဟား..မကြောက်ဘူးကုန်းအော်နေပေမယ့်..မင်းအခုကြောက်ဒူးတုန်နေတာမလား..လင်း၀သုန်..""
ငခန့်ကညစ်ကျယ်ကျယ်လေးပြုံးရင်း..ပြောလိုက်လေသည်။
""ကြောက်ဒူးတုန်နေတာမဟုတ်ဘူး.
အိတ်ထဲကနေ..ဒီစပရေးဗူး ထုတ်နေလို့ဟေ့...လဒရေ...အဲ့မှာ လဲသေလိုက်တော့..""သုန်သုန် ပြောပြီး ငခန့်၏မျက်နှာဆီကို စပရေးဗူးနှင့် ဖြန်းလိုက်လေသည်။
![](https://img.wattpad.com/cover/240207460-288-k504307.jpg)