အပိုင်း🦋၂၄🦋

1.6K 223 8
                                    

"ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၄🌺

""ဒီနေ့ မင်း ဆန်ပြုတ်ကလွဲပြီး ဘာမှမစားရဘူး..""

သုန်သုန်ရှေ့ ဆန်ပြုတ်ပန်းကန်လေး ချပေးရင်း နွေဦးသခင်ဆိုလိုက်လေသည်။

""ဟင်... ဘာဖြစ်လို့လဲ..ဦးရဲ့...သုန်သုန်နေကောင်းလာလို့.
ဆေးရုံက​နေတောင် ဆင်းလာပြီဘဲဟာကို...""

နုတ်ခမ်းလေးစူရင်း အလိုမကျစွာ အထွန့်တက်နေပါသော အမွှေစိန်..။

""လျှာမရှည်နဲ့...လောလောဆယ် ဆန်ပြုတ်ဘဲ သောက်..""

""ဦးကလဲ..ကြက်ကြော်လေးပါလေးတောင် မပါဘူးလားဗျ..""

""တယ်..ငါခေါင်းခေါက်ထည့်လိုက်လို့..ဂွတ်ခနဲ့မြည်သွားတော့မှာဘဲ..မင်းအစားမဆင်ခြင်လို့.အီးပန်းထားတာမှ သိပ်မကြာသေးဘူး...ဟိုဟာစားချင် ဒီဟာစားချင် နေလို့ဖြစ်ပါ့မလား.."

""ဟာ..ဦးကလဲ...အခန့်မသင့်လို့ ၀မ်းလျောတာပါဗျ..ကြက်ကြော်က ၀မ်းမလျောပါဘူး...စားလို့ရပါတယ်..""

""တိတ်..ဘာကြက်ကြော်မှ မရှိဘူး..ဒီနေ့ အိမ်မှာ ဘာထမင်း ဟင်းမှမချက်ထားဘူး..ဆန်ပြုတ်တစ်အိုးတည်းဘဲ..တည်ထားတယ်..အဲ့တော့ ရှိတဲ့ ဆန်ပြုတ်ကိုဘဲ ဗိုက်၀အောင် သောက်ထား ဒါဘဲ..""

""ဟာ..ဦးကလဲ..နေပေါ့..ဦးမကျွေးလဲ..သုန်သုန်ဘာသာသွား၀ယ်စားမယ်...""

သုန်သုန်ပြောပြော‌ဆိုဆိုနှင့်..ထိုင်ရာကနေ ထဖို့ဟန်ပြင်လိုက်လေသည်။

""ဟေ့..အခုချက်ချင်း ပြန်ထိုင်လိုက်စမ်း..မင်း ငါ့ပြောစကားကိုနားမထောင်ဘူးဆိုရင်..မင်းလေးလေးရှိတဲ့ စင်္ကာပူကိုလိုက်သွားဖို့သာ ပြင်လိုက်တော့…"

""ဟာ..ဘာဖြစ်လို့လဲ.."

""ဘာဖြစ်လို့လဲ..ဟုတ်လား..မင်းဘဲ‌စဉ်းစားကြည့်လေကွာ. မင်းငါ့ဆီမှာ လာနေတာ တစ်ပတ်တောင်မပြည့်သေးဘူး..ဆေးရုံတက်လိုက်ရတယ်ဆိုတော့..လူကြားလို့ကောင်းပါ့မလားကွ..""

""ဟာ..လူကြားမကောင်းရင်လဲ.။နားပိတ်ထားလိုက်ပေါ့..အဲ့လိုဆို ဘာမှမကြားရတော့ဘူးပေါ့....""

ဦးချစ်သော.အမွှေစိန်လေးDonde viven las historias. Descúbrelo ahora