Chapter 28

2.5K 496 126
                                    

(Unicode)

နောက်တစ်လအကြာမှာတော့ Tian Gu က Election အတွက် ပြင်ဆင်တဲ့ ကာလအပိုင်းအခြားကို ဝင်ရောက်လာခဲ့တယ်။ ဒီကာလရဲ့ အဓိက အမှတ်အသားကတော့ Election monitoring and evaluation လာလုပ်တဲ့ The Great LuoYan နဲ့ Vinceland အပါအဝင် Alliance က အဖွဲ့ဝင် နိုင်ငံတော်တော်များများ Tian Gu ကို ရောက်လာကြတာပါပဲ။ ဒီတစ်ခါတော့ Xiao Zhan က Campaign အတွက် မအားလပ်အောင် အလုပ်ရှုပ်တာ တစ်ကြောင်း, Mr. Xiao က သူ့ကို ဒုက္ခမပေးနိုင်တော့ပေမယ့် နောက်ထပ် Mr. Xiao တွေ ဘယ်နှယောက်ထပ်ရှိနေဦးမလဲ မသိတဲ့ အခြေအနေမှာ Laura နဲ့တုန်းကလို ကိစ္စမျိုး ထပ်မရှိစေချင်တော့တာက တစ်ကြောင်းမို့ ဒီကာလမှာတော့ အတော်လေး အနေအထိုင် ဆင်ခြင်မိတယ်​။ သူ့အိမ်က Wang ရှာလကာရည်အိုး Yibo က အမြဲတမ်း မှောက်ဖို့ အဆင်သင့်ရှိနေတာမို့ မဆင်ခြင်လို့ မဖြစ်တာကြောင့်လည်း ပါတာပေါ့။

Xiao Yi ကို ထိန်းဖို့အတွက်ကတော့ သူနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Cai Ying ကိုပဲ တာဝန်ပေးထားလိုက်တယ်။ Xiao အိမ်က သူ့ကို အလုပ်မပေးနိုင်တော့ဘူး မဟုတ်လား။ ဒီဘက်မှာလည်း သူ့ကို လိုအပ်နေတာဆိုတော့ Wang အိမ်ကို လာတာက နှစ်ဦးနှစ်ဖက် အဆင်ပြေစေတဲ့ ကိစ္စပဲ။ အမှန်တော့ Xiao Zhan တို့ မခေါ်ရင်တောင် Cai Ying လို အရည်အချင်းရှိတဲ့လူတစ်ယောက်အတွက် သွားစရာတွေ ပေါပါတယ်။ ဒီလိုမဟုတ်ရင်တောင် ဘယ် တစ်စုံတစ်ယောက်ကိုမှ သခင်လေးလို့ ခေါ်စရာမလိုပဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုထောင်ပြီး လွတ်လွတ်လပ်လပ် နေလို့လည်း ရနေတဲ့အနေအထားပါ။ ဒါပေမယ့် Cai Ying က Xiao ညီအစ်ကို နှစ်ယောက်ကို သံယောဇဉ်မပြတ်သေးတဲ့ပုံပါပဲ။ သူက Wang အိမ်ကို လာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် Yibo ကတော့ Xiao Zhan အပေါ် သစ္စာရှိလွန်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Cai Ying ကို သိပ်သဘောမကျရှာဘူး။ ဒါကြောင့် သူ့ကို တစ်အိမ်တည်း ခေါ်ထားမယ့် အစီအစဉ်က ပျက်ပြီး အနားက တိုက်ခန်းတစ်ခုမှာပဲ ထားရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Xiao Yi ကို ထိန်းမယ့်လူတစ်ယောက် ရှိလာတော့ Xiao Zhan တို့ သူ့အတွက် အမြဲပူနေစရာ မလိုတော့ဘူး။

ဒီနေ့ကတော့ ပုံမှန်ဆို တိတ်ဆိတ်နေတတ်တဲ့ Wang အိမ်မှာ ထူးထူးခြားခြား လူစည်ကားတလို့ နေတယ်။ ပါဝင်တဲ့ လူအုပ်ကလည်း ရင်းနှီးပြီးသား မျက်နှာတွေချည်းပါပဲ။

For You (Season 2)Where stories live. Discover now