Chapter 35

2.2K 315 20
                                    

(Unicode)

မင်းသား Huan NanJi ရဲ့ သတင်းက သူတရားရုံးရောက်တဲ့ နေ့မှာပဲ Tian Gu တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ LanXi က ပျောက်ဆုံးသွားတဲ့ ကျောင်းသားတွေထဲမှာ အများစုက ကောင်းမွန်တဲ့ နောက်ခံအင်အားရှိတာကြောင့် သူတို့ကလေးတွေကို ဒီလိုဖြစ်စေခဲ့တဲ့ တရားခံကို အပျောက်ရှင်းချင်တဲ့ လူတွေလည်း အများကြီးပါပဲ။ ဒါကြောင့် အမိန့်မချရသေးခင်မှာ သူ့ကို လုံခြုံရေးကြီးစွာ ပေးထားရတယ်။

Xiao Yi တို့ရဲ့ report အရ ဒီဖြစ်စဉ်က တအားကြီးတော့ ရှုပ်ထွေးမနေခဲ့ဘူး။ သူတို့ရဲ့ ယာဉ်က White Wings ကို သွားနေတဲ့ လမ်းတဝက်ရောက်တဲ့အခါမှာ ရုတ်တရက် ပြင်းထန်တဲ့ Omega pheromones တွေ ယာဉ်ထဲမှာ ပျံ့နှံ့လာခဲ့တယ်။ သူတို့က ပထမနှစ်တွေမို့ ဒုတိယနှစ်မှ လေ့ကျင့်ရတဲ့ Pheromone resistance class ကို မတက်ရောက်ရသေးဘူး။ နောက်ပြီး  ဒီအချိန်မှာ လက်ထပ်ဖို့လည်း ဘယ်သူမှ စဉ်းစားမထားတဲ့အတွက် mark လုပ်ပြီးသား ကိုယ်ပိုင် Omega တွေလည်း မရှိကြသေးဘူး။ အားလုံးက လွတ်လပ်ပြီး ကျန်းမာတဲ့ Alpha တွေမို့ ဒီရနံ့ရရချင်းမှာပဲ အားလုံးဟာ စိတ်ထဲ မရိုးမရွဖြစ်လာကြတယ်။ သူတို့ရဲ့ Alpha ဆန်မှုကို ချက်ချင်းပဲ ထပြီး သက်သေပြချင်ကြသလိုမျိုး။

"တကယ်ကြီးလား"

"ဒါ ငါ့ဘဝမှာ ပထမဆုံး ကြုံဖူးတာပဲ"

"ဘယ်ကလာနေတာလဲ။ ဆရာရော။ ဆရာ့ကို ပြောမှ ဖြစ်မယ်"

မကြာခင်မှာပဲ ကျောင်းသားအားလုံးရှိနေတဲ့ Hall ခန်းထဲမှာ တီးတိုးစကားပြောသံတွေ ဟိုတစ်စ ဒီတစ်စ ထွက်လာကြတယ်။

"အားလုံးပဲ သတိကပ်ထားကြ။ ဒါဘာမှ မဟုတ်ဘူး။ Medical room ကို သွားကြမယ်"

အခြေအနေက တစ်ခုခုမှားယွင်းနေပြီမှန်း ရိပ်မိတဲ့ အတန်းခေါင်းဆောင်က သူ့အတန်းဖော်တွေကို ချက်ချင်းပဲ သတိပေးတယ်။ သူကိုယ်တိုင်လည်း Medical room ကို ရှေ့ဆုံးက ဦးဆောင်သွားဖို့ ပြင်လိုက်ရင်းနဲ့။ ဒါပေမယ့် သူက စကားဆုံးဆုံးချင်းပဲ ဒီထက်ပိုဆိုးတဲ့ ကိစ္စတစ်ခုကို သတိထားမိသွားတယ်။ ဒီ pheromone နံ့တွေက Medical room က လာနေတာပဲ။ အဲဒီကို သွားလို့ မဖြစ်ဘူး။

For You (Season 2)Where stories live. Discover now