Chapter 19

3.2K 516 50
                                    

(Unicode)

"Mr. Xiao အားလုံးအဆင်ပြေပါတယ်။ မေ့ဆေးအရှိန်နဲ့ အိပ်နေပေမယ့် မကြာခင် သတိရလာမှာပါ"

Dr. Cheng က XiaoZhan ကို ကုတင်ပေါ် ကူပြီး ပြောင်းရွှေ့ပေးရင်းနဲ့ ပြောတယ်။

"Doctor တို့လည်း ပင်ပန်းသွားကြပြီ"

"ဒါ ကျွန်မ တာဝန်ယူထားတဲ့ လူနာပဲ။ ပင်ပန်းတယ်လို့ မဟုတ်ပါဘူး။ ကျွန်မ တစ်ခု တောင်းဆိုချင်တာ ရှိတယ် General"

စကားဆုံးတော့ Dr. Cheng က LingXiao ဆီက ဖန်သေတ္တာတစ်ခုကို ယူလာပြီး Yibo ကို ပြတယ်။

"ဒီဖြတ်ထုတ်ထားတဲ့ Gland ကို ကျွန်မတို့ကို လှူလို့ရမလား"

XiaoZhan က Alpha အနေနဲ့ မွေးဖွားလာတာမို့ ဒီ gland က သူ့ကိုယ်ပိုင် မဟုတ်တာ သေချာတယ်။ ဒါဆို ဘယ်ကရောက်လာတာလဲ။ Artificially ထုတ်လုပ်လိုက်တာလား အခြား Omega တစ်ယောက်ယောက်ရဲ့ gland ကို ယူပြီး ထည့်ပေးထားတာလား။ ဖန်တီးပြုလုပ်ထားတာဆိုရင် ဘယ် tissue တွေနဲ့ လုပ်ထားတာလဲ ဘယ်လိုမျိုး အဆင့်ဆင့်ကို ဖြတ်သန်းလာရလဲ ဘာကြောင့် pheromone နံ့ထုတ်နိုင်တာလဲ အခြား Omega ရဲ့ gland ကို ယူထားတာဆိုရင် ဒီလိုတွဲစပ်မှုအတွက် ဘာတွေ တူညီဖို့ လိုအပ်လဲ အဲဒီ Omega ​က မူရင်း စတော်ဘယ်ရီနံ့ pheromone ပဲ ထုတ်တာလား XiaoZhan ဆီရောက်မှ အနံ့ပြောင်းသွားတာလား။ သူမမှာ မေးခွန်းတွေ အများကြီးပဲ။ ဒီဖန်သေတ္တာထဲက ပစ္စည်းတစ်ခုတည်းနဲ့ ဒီမေးခွန်းတွေအားလုံးကို ဖြေဖို့ မဖြစ်နိုင်ပေမယ့် မေးခွန်းအနည်းငယ်ကိုတော့ အဖြေသိနိုင်လောက်မယ် ထင်တယ်။

"ဒါက......ဒါက သူနိုးလာမှ ဆက်ပြောကြတာပေါ့"

Yibo က ချက်ချင်း အဖြေမပေးဘူး​။

အချို့ကိစ္စတွေကို Yibo အနေနဲ့ XiaoZhan ကိုယ်စားဆုံးဖြတ်ခဲ့ပေမယ့် ဒီတစ်ခုကိုတော့ XiaoZhan စိတ်တိုင်းကျ စီမံဖို့အတွက် ချန်ထားလိုက်ချင်တယ်။ အချို့အရာတွေက မုန်းတီးဖို့ကောင်းလွန်းလို့ ပြန်မမြင်ချင်တော့တာ ရှိသလို တစ်ခါတလေကျတော့ အဲဒီမုန်းတီးတဲ့အရာကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ပြီး ကိုယ့်မျက်စိရှေ့မှာ အမှုန့်အဖြစ်ပျက်စီးပျောက်ကွယ်သွားတာကို မြင်ချင်ကြတာမျိုးလည်းရှိတယ်။ ဘယ်လောက်ပဲ ဆေးပညာတိုးတက်မှုအတွက် အထောက်အကူဖြစ်တယ်ပဲ ပြောပြော XiaoZhan က ဒီအတိုင်းမီးရှို့ပစ်ချင်တယ်ဆိုရင်လည်း သူ့မှာ အဲလိုလုပ်ပိုင်ခွင့် အပြည့်အဝရှိတယ်။ ဒါက နှစ်ချီနေတဲ့ မကျေနပ်ချက်တွေအတွက် ထွက်ပေါက်တစ်ခုပေါ့။

For You (Season 2)Où les histoires vivent. Découvrez maintenant