Chapter 9

3.8K 607 38
                                    

(Unicode)

တကယ်တော့ Blue ပစ်လိုက်မယ့် သေနတ်ရဲ့ ဦးတည်ရာကို သေချာမသိခဲ့တာ Yibo တစ်ယောက်တည်းတော့ မဟုတ်ဘူး။

ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ Eagle ရဲ့ General ကို command လွှဲခဲ့ပြီး ဒီနေရာကို XiFei ကိုယ်တိုင်လာခဲ့တာ RuLan ကို ရှာဖို့ဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ဒါ သူ့အနေနဲ့ မလုပ်သင့်တဲ့လုပ်ရပ်ပဲ။ ဒီလိုကျန်ခဲ့တဲ့ ship မှာ ဘယ်သူပဲ ကျန်ခဲ့ကျန်ခဲ့ အဲဒီလူတွေရဲ့ အဆုံးသတ်က ဘယ်လိုပဲ ဖြစ်သွားပါစေ သူ့ရှေ့က တိုက်ပွဲကို အပြီးသတ်ပြီးမှ ပြန်လာကယ်သင့်တယ်။ အဲဒီအချိန်ထိ တောင့်ခံနိုင်တဲ့သူတွေက ကယ်တင်ခံရပြီး တောင့်မခံနိုင်တဲ့လူတွေကတော့ ကျဆုံးစာရင်းထဲ ပါသွားရုံပေါ့။ ဒါပေမယ့် သူအဲဒီလို မလုပ်နိုင်ခဲ့ဘူး။ အထူးသဖြင့် ရှေ့ဆက်ချီလာတဲ့ fleet မှာ RuLan ပါမလာဘူးဆိုတာ သိလိုက်ရတော့ သူဒီအတိုင်းမနေနိုင်တော့ဘူး။ ဝန်ခံတယ် ဒါက ဘက်လိုက်တဲ့အတွေးပဲ။ အခြားသူဆိုရင် ဘယ်လိုပဲဖြစ် ပစ်ထားခဲ့မှာဖြစ်ပေမယ့် သူ့ညီဆိုတော့ လာကယ်မိတယ်။ ဒါပေမယ့် XiFei က ဒီကိစ္စအတွက် တိုက်ပွဲမှာ အသုံးပြုဖို့လိုအပ်တဲ့ battleahip တွေ mecha တွေကိုတော့ အသုံးမပြုခဲ့ပါဘူး။ အဲဒီလောက်ထိ အာဏာကို အလွဲသုံးစားမလုပ်သင့်ဘူးလို့ ထင်တယ်။ ဒါကြောင့် Blue နဲ့ တစ်ယောက်တည်း ထွက်လာခဲ့တာ။ သူ့ရဲ့ မူလ ရည်ရွယ်ချက်က RuLan တစ်ယောက်တည်းဖြစ်ပြီး Yibo ကို နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့ဘူး။ တမင်သက်သက်ချန်ခဲ့ဖို့ တွေးတာ မဟုတ်ပဲ ဒီအတိုင်း သူ့အာရုံထဲမှာ မရှိခဲ့တာပါ။ ဒါပေမယ့် သူရှာတဲ့ RuLan ကို မမြင်ရပဲ ယာဉ်ရဲ့ ကြမ်းပြင်မှာ ရန်သူနှစ်ယောက်ဝိုင်းနေတဲ့ Yibo ကို အရင်တွေ့ခဲ့ရတယ်။

Yibo ကို တွေ့လိုက်ရတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ XiFei ရဲ့ ခေါင်းထဲမှာ အတွေးတွေ အများကြီး ဖြတ်ပြေးသွားတယ်။ Yibo က သူ့အပေါ်မှာ ရှိတဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ဖယ်ကြည့်မယ်ဆိုရင် ယုံကြည်အားကိုးထိုက်တဲ့ General တစ်ယောက်ပါ။ ဒီလိုမဟုတ်ပဲ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေနဲ့ ကြည့်မယ်ဆိုရင်တော့ XiFei ရဲ့ ဘဝမှာ အရှုံးဆိုတာကို ပထမဆုံးတွေ့ကြုံဖူးအောင် သင်ကြားပေးခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒီလိုလူအပေါ်မှာ XiFei အနေနဲ့ မေတ္တာစေတနာတွေ မထားနိုင်တာ သိပ်အလွန်တော့မဟုတ်ဘူး။ ဒါပေမယ့် ဒီနှစ်တွေအတွင်း သူ Yibo ကို ဘာမှ မလုပ်ခဲ့ဘူး။  XiFei အနေနဲ့ Yibo ကို အလွယ်တကူ ရှင်းပစ်လို့ရပေမယ့် ဒီအတိုင်းထားခဲ့တာ သူ့ဘဝမှာ မနာလိုစိတ်ကြောင့် တစ်စုံတစ်ယောက်ကို ဒုက္ခပေးခဲ့ဖူးတယ်ဆိုတဲ့ အမည်းစက် မထင်ကျန်ချင်လို့ပဲ။ ဒါကြောင့် အဲဒီအတွက် အားထုတ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့တာ။ ဆိုပေမယ့်လည်း သူ့ပယောဂ မပါပဲ တစ်ဖက်လူက အန္တရာယ်ကျရောက်ခဲ့မယ်ဆိုရင်တော့ တကူးတက ကယ်တင်ပေးမှာ မဟုတ်ဘူး။ ဒါက လက်ငှားနဲ့ အလုပ်ပြီးမြောက်စေသလိုပဲ။ သူကိုယ်တိုင် ဝင်ရောက်ပါဝင်စရာမလိုပဲ အလိုအလျောက် သူအရေးသာဖို့ ဖြစ်လာမယ်ဆိုရင် ဒါက မကောင်းတဲ့ကိစ္စမှ မဟုတ်ပဲ။ သူ့လုပ်ရပ်ကြောင့် တစ်စုံတစ်ယောက် ဒုက္ခရောက်သွားမယ်ဆိုရင် အဲဒီအတွက် လိပ်ပြာမလုံဖြစ်ရမယ်။ ဘယ်သူမှ မသိဘူးဆိုရင်တောင် သူကိုယ်တိုင် သိတယ်။ ဒီအတွက် အနည်းနဲ့အများတော့ သူ့ရဲ့ conscience က စိတ်မကောင်းဖြစ်မှာပဲ။

For You (Season 2)Where stories live. Discover now