(Unicode)
လောကကြီးမှာ ကြီးနိုင်ငယ်ညှင်း သဘောတရားကို နေရာတကာမှာ တွေ့နိုင်တယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။ အင်အားကြီး နိုင်ငံတွေက အင်အားနည်းနိုင်ငံတွေကို ဖိနှိပ်ကြတယ်။ အချို့က ပေါ်ပေါ်ထင်ထင် ဖိနှိပ်ကျပြီး အချို့ကတော့ မသိမသာပဲ ဖိနှိပ်ကျတယ်။
လူယဉ်ကျေးတို့ ပေါင်းစုရာဖြစ်တဲ့ Federation Alliance မှာ လည်း ထိုနည်းလည်းကောင်းပါပဲ။ အင်အားကြီး နဲ့ အင်အားနည်းနိုင်ငံတွေရှိတယ်။ ဒါပေမယ့် ဒီအသိုင်းအဝိုင်းမှာတော့ မသိမသာပဲ နှိမ်ကြတာပေါ့။
Federation Alliance မှာ 'ကိုယ်ပိုင်အချုပ်အခြာအာဏာတည်၍ လွတ်လပ်သော' အဖွဲ့ဝင် နိုင်ငံပေါင်း ၆၀ ကျော် ရှိတယ်။ နာမည်အရ လွတ်လပ်သောဆိုပေမယ့် အမှန်တော့ အများစုဟာ သူများယိမ်းတိုင်း လိုက်ယိမ်းရတဲ့ နောက်မြီးဆွဲနိုင်ငံတွေချည်းပါပဲ။ အင်အားကြီး နိုင်ငံတစ်ခုခုရဲ့ အရိပ်ကို ခိုလှုံပြီး အသက်ရှူချောင်ကြရတဲ့ အနေအထားမျိုးပေါ့။ အဲဒီအတွက် သူတို့ခေါင်းဆောင်နိုင်ငံက အနောက်ဆိုရင် သူတို့က အရှေ့လို့ မပြောရဲကြဘူး။
ဆိုတော့ Tian Gu အနေနဲ့ Alliance ထဲ ဝင်မယ်ဆိုရင် ဒီလို Giant တွေနဲ့ ယှဉ်နိုင်ဖို့ နေရာအနေအထားတစ်ခုရှိဖို့လိုတယ်။ စီးပွားရေးအင်အား နည်းပညာအင်အား စစ်အင်အား အားလုံးတောင့်တင်းနေမှ ဖြစ်မယ်။ ဒါကြောင့် ဒီ proposal က ပြောထားတာကတော့ Tian Gu အနေနဲ့ အရင်ဆုံးလုပ်သင့်တာကတော့ အင်အားတိုးချဲ့တာပါပဲ။ ဒီထက်ပိုရှင်းအောင် ပြောရရင်တော့ အိမ်နီးချင်းနိုင်ငံတစ်ခုခုကို အနိုင် ဝင်တိုက်ဖို့ပါပဲ။ Alliance ကိုတော့ အချိန်ကာလတစ်ခုအထိ Observer အဖြစ်နေဖို့ ချွေးသိပ်ထားပြီးတော့ အဲဒီအတောအတွင်း ဒီဘက်မှာ နယ်မြေတစ်ခု ထပ်တိုးချဲ့ရမယ်။ Observer အဖြစ်နေဖို့ ကတိပေးထားတဲ့ သက်တမ်းကုန်သွားတဲ့အခါမှာတော့ Alliance က တောင်းဆိုထားတဲ့အတိုင်း အခြားသူရဲ့ အချုပ်အခြာအာဏာကို မကျူးကျော်မထိပါးတဲ့ ငြိမ်းချမ်းရေး လိုလားသူ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်စတင်မှာပေါ့။
ဒီအသွင်ကူးပြောင်းရေးကာလဟာ နှစ်ချီပြီး ကြာမြင့်နိုင်တယ်။ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ constitutional amendment အတွက်ကိုတင် ဥပဒေ ပညာရှင်တွေဟာ အချိန်အတော်ကြာယူရဦးမှာ ဖြစ်တယ်။ အဲဒီနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဒီလို အသစ်ပြင်ဆင်ထားတဲ့ constitution ကို အတည်ပြုရမယ်။ ဒီကိစ္စက ပြောတော့သာ လွယ်ပေမယ့် လက်တွေ့မှာ အင်မတန် အချိန်ကုန်မယ့် ကိစ္စပဲ။ ဒါကြောင့် ဒီလို ကြာမြင့်တဲ့ အချိန်အတောအတွင်းမှာ Tian Gu လုပ်ရမှာကတော့ သူတို့ဆီက YZ တွေ တရားမဝင် ဝယ်ယူနေခဲ့တဲ့ Federation နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းအောင် စီမံဖို့ပဲ။အခြားအင်အားကြီး နိုင်ငံတွေမှာ နောက်မြီးဆွဲ နိုင်ငံတွေ ရှိတယ် မဟုတ်လား။ Tian Gu လည်း ဒီလိုမျိုး ကိုယ်ကြိုးဆွဲရာ ကမယ့် နိုင်ငံမျိုး ရှာထားသင့်တာပေါ့။ ဒါမှသာ Alliance အတွင်းမှာ ကိုယ့်ရဲ့ အသံက ကျယ်ကျယ်ထွက်နိုင်လိမ့်မယ်။ ထောက်ခံပေးမယ့် နိုင်ငံတွေရှိမှသာ အစည်းအဝေးအတွင်းမှာ ကိုယ်လိုချင်တဲ့ Agenda တစ်ခုခုကို အတည်ပြုပြီး အကောင်အထည်ဖော်နိုင်လိမ့်မယ်။
