Chapter 8

3.3K 545 39
                                    

(Unicode)

⚠️ Warning ⚠️ (Slight Gore)

သွားပြီ။

ဒီတစ်ခါတော့ သူတကယ်သွားပြီ။

လောလောဆယ် RuLan ရဲ့ ခေါင်းထဲမှာ ဒီအတွေးပဲ ရှိတယ်​။

သေဘေးနီးပြီလို့ ခံစားမိလို့လားမသိဘူး ငယ်ငယ်က မြင်ကွင်းအချို့ကို မတွေးပါပဲ သူ့အလိုလို ပြန်မြင်ယောင်လာမိတယ်။ အဲဒီတုန်းက ဥယျာဉ်ထဲမှာ မောင်နှမ လေးယောက် အတူရှိနေခဲ့ကြတာ။ အဲဒီတုန်းက Elsa jie က အပျိုဖော်ဝင်နေပြီမို့ RuLan လို ကလေးပေါက်စနဲ့ သိပ်မကစားပေးချင်တော့ဘူး။ ဥယျာဉ် ထဲက ပန်းတွေနဲ့ပဲ ဓာတ်ပုံရိုက်နေခဲ့တာ။ Lisa jie jie ကလည်း သူ့ကြောင်လေးကိုပဲ အာရုံစိုက်နေခဲ့တာ။ Ge ပဲ။ မဟုတ်သေးဘူး Ge ကလည်း အဲဒီတုန်းက Ge ge နဲ့ ဆော့နေခဲ့ကြတာပဲ။ နှစ်ယောက်က သေနတ်အတုတွေနဲ့ စစ်တိုက်တမ်းကစားနေကြပြီး RuLan ကိုတော့ ထိခိုက်မိမှာစိုးလို့ဆိုပြီး ဘေးနားမှာပဲ ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားခဲ့တာ။ အားလုံးက သူ့အာရုံနဲ့သူမို့ RuLan ကို ဂရုစိုက်နေကြတာ မဟုတ်ပေမယ့် လူစုံတက်စုံနဲ့ ပျော်ရွှင်နေကြတာကို ဘေးက ကြည့်နေရုံနဲ့တင် ဒီအတိုင်းလေး သူ သဘောကျတယ်။ ဒီအခိုက်အတန့်လေးက အင်မတန် သက်တောင့်သက်သာရှိပြီး နွေးထွေးတယ်။ အဲဒီအချိန်မှာ RuLan က သူ့မွေးဖွားလာခြင်းရဲ့ ကံကောင်းမှုကို စတင်ခံစားမိတယ်။ ဒီလိုကံကောင်းမှုအတွက်လည်း ဂုဏ်ယူခဲ့မိတယ်။

ဒါပေမယ့် အခုတော့ အဲလိုအချိန်တွေ ပြန်မရနိုင်တော့ဘူး ထင်တယ်။ နောက်တစ်ခေါက်လည်း ထပ်ရှိလာမှာ မဟုတ်တော့ဘူး။ သူ အရမ်းအေးလာပြီ။ Alpha တစ်ယောက်ရဲ့ ခန္ဓာကိုယ်မို့လို့သာ ချက်ချင်း အေးခဲမသွားခဲ့တာ။ အဲဒီ mutant ရဲ့ လက်ထဲက သူ့ခြေထောက်ဖျားလေးတွေဆို မကြာခင်မှာပဲ ပဲ့ကျသွားတော့မယ့်ပုံနဲ့။ ဒါပြီးရင် ဘာကို ဆက်ခံစားရမလဲ မသိဘူး။ အရင်တစ်ခါတုန်းက ဒီလိုအခြေအနေရောက်တဲ့အခါမှာ Ge နဲ့ Ge ge က သူ့ကို လာကယ်ပေးခဲ့ကြတယ်။ အခုတော့ Ge က သူနဲ့ အဝေးဆုံး ယာဉ်ပေါ်မှာ Ge ge က ဟိုး Tian Gu မှာ။ RuLan စိတ်လျှော့လိုက်တယ်။ သူက အာကာသထဲမှာ အေးခဲပြီး သေဖို့ ကံပါလာတာ ဖြစ်မယ်။ ပထမတစ်ခါ ရှောင်နိုင်ခဲ့ပေမယ့် ဒုတိယတစ်ခါတော့ မရှောင်နိုင်တော့ဘူးထင်တယ်။

For You (Season 2)Where stories live. Discover now