(Unicode)
⚠️Warning⚠️ (NSFW content & a little fetish?)
Comfortable မဖြစ်ရင် plot development မပါတဲ့အတွက် Chapter တစ်ခုလုံး ကျော်သွားကြပါ။
XiaoZhan ဆီက သဘောတူညီမှုရတော့ Yibo က သူ့ကို စာကြည့်စားပွဲပေါ် ချီတင်လိုက်တယ်။ ဒီအခန်းက safe ဖြစ်ပါတယ်။ ကလေးတွေက ဒီအခန်းကို တော်ရုံတန်ရုံ အနားမကပ်ကြဘူး။
ဒါပေမယ့် XiaoZhan က စားပွဲခုံနဲ့ ကျောနဲ့ထိမိတဲ့အချိန်မှာပဲ ရုန်းထွက်ပါတယ်။
"အိပ်ယာထဲ သွားရအောင်"
စာဖတ်ခန်းက တိတ်ဆိတ်မှုကို အသားပေးထားတဲ့ အသံလုံခန်းဆိုပေမယ့် XiaoZhan ကတော့ ကျောနာ မခံနိုင်ဘူး။
"Oh.. "
သူ့ရဲ့ အကြုံပြုချက်ကို ကြားတော့ Yibo က "Oh.." တစ်ချက် ဆိုပြီး XiaoZhan ကို ချီလျက်သားအတိုင်းပဲ အခန်းအပြင်ထွက်တယ်။ အိပ်ခန်းကို ရောက်တော့မှ အိပ်ယာပေါ် အသာအယာချပေးတယ်။ ပြီးတော့ ဘာမှမလုပ်သေးပဲ ကြည့်ပဲကြည့်နေပြီး ခဏကြာတော့မှ စကားတစ်ခွန်း ထွက်လာတယ်။
"Ge, တကယ်တော့လေ...."
Yibo က ဆက်မပြောပဲ ခဏ ရပ်တယ်။ သင့်တော်တဲ့ စကားလုံး ရွေးနေသလိုမျိုး။
"လူတိုင်းမှာ နည်းနည်းအရိုင်းဆန်တဲ့ စိတ်ကူးယဉ်မှုအချို့ ရှိတယ်မဟုတ်လား"
Yibo က ဒီစကားပြောနေစဉ်မှာ XiaoZhan ကို တည့်တည့်မကြည့်ပဲ ပတ်ဝန်းကျင်ကို အကြည့်လွှဲတယ်။ ဆိုလိုရင်းကို သေချာမပြောရသေးပေမယ့် သူ့နားရွက်ဖျားလေးတွေက ပန်းရောင်သမ်းနေပြီ။
ပြီးတော့ Yibo က ခြင်တစ်ကောင်အော်တဲ့အသံလောက်နဲ့ တိုးတိုးလေး ဆက်ပြောတယ်။
"ဒါကြောင့် ကျွန်တော်လည်း Ge ဆီကလိုချင်တာတစ်ခု ရှိတယ်"
ဒီစကားပြောပြီးတော့ သူက ကြားထဲမှာ စက္ကန့် ၂၀ လောက် ရပ်နေလိုက်သေးတယ်။ ပြီးတော့ တံတွေး တစ်ချက် မျိုချလိုက်တယ်။ နောက်ဆုံး XiaoZhan ရဲ့ မျက်မှောင်ကို သတိထားမိတော့မှ Yibo က သူ့ရဲ့ ဝေ့လည်ကြောင်ပတ်လုပ်ခြင်းကို အဆုံးသတ်ပြီး XiaoZhan နားနားကပ်ပြီး တစ်စုံတစ်ခုကို တိုးတိုးလေး ပြောတယ်။
