(Unicode)
Yibo အခန်းပြင်ထွက်လာတော့ studio ထဲကနေ ဧည့်ခန်းကို ပြေးထွက်သွားတဲ့ အရိပ်သေးသေးလေးတစ်ခုကို တွေ့လိုက်ရတယ်။ XiaoZhan အိပ်မပျော်ခင် မှာချင်ခဲ့တာ သူ့ကို ညစာ စီစဉ်ပေးဖို့ ဖြစ်လိမ့်မယ်ထင်တယ်။
ဧည့်ခန်းကို ရောက်သွားတော့ Yibo တို့ အိမ်မှာ လူပို ၂ ယောက် ထပ်ရောက်နေတာ တွေ့ရတယ်။ ဟိုကလေး ဖွင့်ပေးထားတာ ဖြစ်မယ်။
"တစ်ယောက်တည်းလား, Du Du. General တို့ရော"
ဒီ မေးခွန်းကို မေးတဲ့သူက မမြင်ရတာကြာပြီဖြစ်တဲ့ Jing Yi ပဲ။ သူမေးတဲ့ General ဆိုတာ Yibo မဟုတ်ပဲ XiaoZhan ကို ဆိုလိုတာပါ။ သူနဲ့ Si Zhui တို့ ၂ ယောက်လုံးက XiaoZhan ကို ခုထိ General လို့ ခေါ်နေကြတုန်းပဲ။ စစ်တပ်က အနားယူလိုက်ပြီဖြစ်တဲ့အတွက် သူက General မဟုတ်တော့ဘူးဆိုပြီး Yibo ကို အခေါ်အဝေါ်ပြောင်းခိုင်းခဲ့တဲ့ XiaoZhan ဟာ ဒီနှစ်ယောက်ကိုတော့ သူတို့စိတ်ကြိုက် ဆက်ခေါ်ခွင့်ပေးထားပါတယ်။
"ပါပါး Xiao နဲ့ Daddy Yibo က အိပ်နေကြတယ်"
Du Du က အိပ်ခန်းဘက်ကို လက်ညှိုးညွှန်ရင်းနဲ့ ပြန်ဖြေတယ်။
ဖျားနာနေတာ မဟုတ်ပါပဲနဲ့ ညနေ ၇ နာရီမှာ အိပ်နေတယ် ဆိုတာ XiaoZhan တို့ Yibo တို့လို self-discipline သမားတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ။ အခြေအနေကို သဘောပေါက်သွားတဲ့ လူပျို ၂ ယောက်ဟာ Du Du ကို တိတ်တဆိတ်ပဲ ပြန်ခေါ်သွားရင် ကောင်းမလားလို့တောင် တွေးမိသွားတယ်။ ဒါပေမယ့် မကြာခင်မှာပဲ နောက်က နောက်လာတဲ့ Yibo ကို တွေ့သွားတော့ Jing Yi က မူလရည်ရွယ်ချက်အတိုင်း သူ့လက်ထဲက ပါဆယ်ထုပ်ကို ပေးပြီးမှ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ကျွန်တော် Zuen ကို ရောက်ရင်းနဲ့ General အတွက် ဒေသထွက်အသီးတွေ ဝယ်လာခဲ့တယ်။ ဘာကြိုက်မှန်းမသိလို့ နည်းနည်းစီ အကုန်ထည့်လာခဲ့တာပဲ"
သစ်သီးလား။
ဒါက သူတို့ပေးတဲ့လက်ဆောင်တွေထဲမှာ ပုံမှန်လို့ ယူဆရတဲ့ ပထမဆုံး လက်ဆောင်ပဲ။ အရင်တစ်ခါ XiaoZhan မွေးနေ့တုန်းက Si Zhui က နောက်ဆုံးပေါ် သေနတ်တစ်လက် လက်ဆောင်ပေးခဲ့ဖူးတယ်။ XiaoZhan က သေနတ်ပေးမယ့်အစား Fla ကို နည်းနည်းလောက် စကားနည်းအောင်လုပ်ပေးဖို့ ပြောတော့ "ဒီအတိုင်းလေးပဲ ကောင်းပါတယ်" ဆိုပြီး နှစ်ယောက်လုံး ငြင်းဆန်ခဲ့ကြတယ်။ ဒါနဲ့ပဲ အဲဒီသေနတ်ကိုပဲ မွေးနေ့လက်ဆောင်အဖြစ် လက်ခံခဲ့လိုက်ရတယ်။