(Unicode)
"မတ်တပ်ရပ်ကြည့်ပါ, General။ အဆင်ပြေရဲ့လား"
"ဘယ်လိုခံစားရလဲ, Yibo။ နာနေလား"
ခြေတုကို သုံးပြီး ပထမဆုံး မတ်တပ်ရပ်ကြည့်တဲ့ Yibo ကို XiaoZhan က ဘေးကနေ ဖေးမပေးထားရင်းနဲ့ မေးတယ်။
"မနာဘူး။ ဒါပေမယ့် တစ်မျိုးပဲ"
"ဘယ်လိုတစ်မျိုးလဲ။ တစ်ခုခုများ မှားနေတာလား ဆရာ"
Yibo ရဲ့ အဖြေကို ကြားတော့ XiaoZhan က ကျွမ်းကျင်သူဘက်ကို လှည့်ပြီး စိုးရိမ်တကြီးမေးတယ်။
Yibo ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ။
"General ဘယ်လိုခံစားရလဲ တိတိကျကျ ပြောပေးပါ့လား။ အနည်းငယ် နာကျင်မှုက ဖြစ်တတ်တာမို့ ကိစ္စမရှိဘူး"
"နာတာ မဟုတ်ဘူး။ ဒေါက်အထူကြီးနဲ့ ဖိနပ် စီးထားရသလို ခံစားချက်မျိုးပဲ"
Yibo ရဲ့ အဖြေကို ကြားတော့ ကျွမ်းကျင်သူက သက်ပြင်းချတယ်။
"ဒါက ကျင့်သားမရသေးလို့ပါ General။ နောက်ဆို အဆင်ပြေသွားမှာပါ"
"ကျွန်တော်လမ်းလျှောက်ကြည့်လို့ရပြီလား"
"ရပြီ။ လမ်းလျှောက်တဲ့ နေရာကို သွားရအောင်။ ဒီမှာဆို ကျဉ်းကျပ်တယ်။ General က Wheelchair ပေါ် ပြန်ထိုင်လိုက်ပါ"
သူ လမ်းလျှောက်သွားလို့ မရဘူးလား။ ဒါပေမယ့် Yibo က prosthetist ပြောတဲ့အတိုင်း သူ့နေရာမှာ သူပြန်ထိုင်လိုက်တယ်။
လူနာတွေ လမ်းလျှောက်လေ့ကျင့်ဖို့ ဆေးရုံက ပြင်ပေးထားတဲ့ နေရာကို ရောက်တော့ XiaoZhan အကူအညီ မပါပဲ Yibo က လမ်းလျှောက်လေ့ကျင့်တယ်။
"နည်းနည်းလေး နာလာရင် ရပ်လိုက်နော် General။ ဒါကို တင်းခံပြီး ဆက်လျှောက်နေရင် ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်"
Yibo က သူ့ကို ဘာမှ ပြန်မပြောဘူး။ သူ့ရှေ့ကိုပဲကြည့်ပြီး ကြိုးစားပမ်းစားလျှောက်နေတယ်။
"Yibo, ခြေထောက်က နာလာရင် ချက်ချင်းရပ်မှ ဖြစ်မယ်နော်"
XiaoZhan ကလည်း Yibo တစ်ယောက် လောဘကြီးပြီး မနိုင်ဝန်ထမ်းမိမှာစိုးလို့ ထပ်သတိပေးတယ်။
