Chapter 18

3.4K 490 36
                                    

(Unicode)

နောက် ၂ လ ကြာတဲ့အခါမှာတော့ Major General ရဲ့ စုံစမ်းစစ်ဆေးမှုကနေ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ နောက်တစ်ခါ ထပ်စဉ်းစားကြည့်လိုက်ရင် ဒါက အံ့ဩစရာလည်း မဟုတ်ပါဘူး။ ဒါကတော့ Tian Gu မှာ အင်အားနည်းနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အချိန်ကိုက် ကွက်တိဝင်ရောက်တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရှိနေတာ The Great LuoYan ဆိုတဲ့ အချက်ပါပဲ။

ဒီနေရာမှာ The Great LuoYan အကြောင်း နည်းနည်း ပြောပြဖို့ လိုအပ်လာပြီ။ သူက Federation နိုင်ငံတွေရဲ့ ဦးဆောင်သူလို့ ပြောလို့ရတဲ့ အင်အားကြီးနိုင်ငံတစ်ခုပါ။ Alliance ရဲ့ ဆုံးဖြတ်ချက်တော်တော်များများကို လွှမ်းမိုးနိုင်တဲ့ ခေါင်းဆောင်ပေါ့။ စစ်အင်အားအပြင်  နည်းပညာပါ ထိပ်ဆုံးမှာ ရှိနေတာမို့ တစ်ချိန်ချိန်မှာ ဒီ civilization တစ်ခုလုံးကို Type 3 [1] ထိရောက်အောင် ဆွဲခေါ်သွားပေးနိုင်မယ်လို့ ယုံကြည်ထားခံရတဲ့ နိုင်ငံတစ်ခုပဲ။

ဒါပေမယ့် ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်ပါစေ နိုင်ငံဆိုပြီးဖြစ်လာရင်တော့ သူတော်ကောင်းလုပ်နေလို့ မရတော့ဘူးပဲ။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားက အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေရမှာပေါ့။ ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် or တစ်ချက်ခုတ်ပြီး သုံးလေးချက် ပြတ်အောင် နိုင်ငံနှစ်ခု ပြဿနာတက်နေတဲ့အချိန်မှာ YiNan ဘက်က သူပုန်တွေကို လက်နက်ပေးပြီး ပြဿနာပိုကြီးအောင် လုပ်လိုက်တာ။ ဒီ operation က The Great LuoYan အတွက် ဘာမှ အပန်းမကြီးဘူး။ အောင်မြင်ခဲ့ရင် Tian Gu ရဲ့ မြို့တော်ပျက်မယ်။ အဲဒီအခါ The Great LuoYan အနေနဲ့ ဗြောင်ဝင်သိမ်းလို့ မရပေမယ့် သူတို့ရဲ့ အကူအညီနဲ့ ရခဲ့တာမို့ သူပုန်တွေဆီက ပြန်တောင်းလို့ရတယ်။ The Great LuoYan ဘက်က တောင်းဆိုတဲ့ ပမာဏ ကို YiNan သူပုန်တွေက ပေးဖို့ ငြင်းဆန်တယ်လား။ ဒါဆို ဒီသူပုန်တွေက ငြိမ်းချမ်းရေးကို ထိပါးတယ် Tian Gu ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တယ်ဆိုပြီး တရားမျှတစွာ ပြန်သိမ်းလိုက်ရုံပါပဲ။ ရှုံးသွားခဲ့ရင်လား။ ရှုံးရင်တောင် တိုက်ပွဲမှာပဲ ရှုံးမှာပါ အကျိုးအမြတ်ကတော့ မရှုံးပါဘူး။ တိုက်ပွဲမှာ စတေးလိုက်ရတာက The Great LuoYan က လူတွေ မဟုတ်မှ မဟုတ်ပဲ။ ဒါပေမယ့် Tian Gu ကလူတွေကတော့ အထိအခိုက်များခဲ့တယ်။ The Great LuoYan က လက်နက်အနည်းငယ် လျော့သွားတာကလွဲပြီး ဘာမှအရှုံးမရှိဘူး။

For You (Season 2)Where stories live. Discover now