Chapter 7

4K 562 15
                                    

(Unicode)

နောက်ထပ် လက်နက်သစ်ရဲ့ ဒီဇိုင်းကို စဉ်းစားရင်းနဲ့ ဆယ်မိနစ်လောက်အချိန်ကုန်ပြီးတဲ့အခါမှာတော့ RuLan ဟာ သူ့ကိုယ်သူ အထင်ကြီးလွန်းခဲ့မိမှန်း သဘောပေါက်သွားခဲ့တယ်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ WMD တစ်ခုကို ချက်ချင်း ဒီဇိုင်းဆွဲ ချက်ချင်း ထုတ်လုပ်ဖို့ဆိုရင် ဆရာ JiangCheng တင် မကဘူး သူ့ဆရာရဲ့ ဆရာ ဆင်းလာမယ်ဆိုရင်တောင် လုပ်နိုင်မယ် မထင်ဘူး။ RuLan စိတ်လောပြီးတော့ မဖြစ်နိုင်တဲ့ ကိစ္စကို အတင်းလုပ်ဖို့ ကြိုးစားမိသွားတာပဲ။

ဒါပေမယ့်လည်း အချိန်တိုအတွင်း လက်နက်ကြီးတည်ဆောက်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ဒီအတိုင်း ထိုင်နေလို့လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ထိရောက်တဲ့ နည်းလမ်းကို နောက်တစ်ခါ စဉ်းစားရပြန်တယ်။ ခုနက အချိန် ဆယ်မိနစ် ဖြုန်းပြီးသွားပြီဆိုတော့ အခုအများကြီး အချိန်ယူလို့ မဖြစ်တော့ဘူး။ လောလောဆယ်မှာ Mutant တွေနဲ့ mecha တွေက အလယ်မှာ တိုက်ခိုက်နေကြတာဆိုတော့ နှစ်ဖက်လုံးက battleship တွေက ကိုယ့်လူကို ကာပစ်ပေးရုံပဲ လုပ်ပြီး ဟိုဘက်က ယာဉ်တွေထိ ရောက်အောင် ပစ်ခတ်မှုတွေကတော့ သိသိသာသာ လျော့ကျသွားတယ်။ ဒီပွဲကို Gamish Land က ထိန်းချုပ်ထားတာပဲ။ Battleship တွေကြားက တိုက်ပွဲအဖြစ်ကနေ mecha တိုက်ပွဲအဖြစ် ပြောင်းပစ်လိုက်တာ။ Mutant တွေ အကုန်လုံးကို ရှင်းပစ်နိုင်မှ မူရင်း တိုက်ပွဲ အနေအထားကို ပြန်ရောက်လိမ့်မယ်။

RuLan သူ့ ခေါင်းကို နောက်တစ်ခါ အပူပေးရပြန်တယ်။ Mutant တွေက အရမ်းမြန်တဲ့အတွက် သူတို့ကို တစ်ချက်ချင်းစီ ထိအောင်ပစ်ဖို့ဆိုရင် အချိန်အတော်ကုန်မှာ။ D15 ကို မိုးရွာချသလို ကြဲချလို့ရရင် သိပ်ကောင်းမယ်။ ဒါဆို တစ်ချိန်တည်းမှာပဲ နေရာအများကြီးကို လွင့်ထွက်သွားမှာ။ ရေပန်း နဲ့ ဖြန်းချလိုက်သလိုမျိုး။ Idol တွေရဲ့ concert တွေမှာ ရွှေမှုန်တွေ ကြဲချလိုက်သလိုမျိုး။

Hang on!

သူ ဒီလိုမျိုး ကြုံဖူးတယ် မဟုတ်လား။

RuLan  ရဲ့ ခေါင်းထဲမှာ မှတ်ဉာဏ်အချို့ ပြန်ပေါ်လာတယ်။ မနှစ်က အမွှာလေးတွေရဲ့ မွေးနေ့မှာ သူ ဒီလိုဆင်တူတာတစ်ခု လုပ်ပေးခဲ့ဖူးတာပဲ။ ရွှေရောင် ငွေရောင် ဖဲပြားလေးတွေကို balloon ထဲ ထည့်ထားပြီး အမြွှာလေးတွေ ထွက်လာမှ suprise ဆိုပြီး ဖောက်ပေးခဲ့တာ။ အဲဒီတုန်းက သူတို့တွေ လန့်ပြီး ထငိုလို့ Jie Jie ဆူတာ ခံခဲ့ရသေးတယ်။ ဒီကိစ္စကို သူဘာလို့ မေ့နေခဲ့ရတာလဲ။

For You (Season 2)Where stories live. Discover now