Chapter 31

2.4K 438 73
                                    

(Unicode)

နောက်ဆယ်မိနစ်အတွင်းမှာပဲ Xiao Zhan ဟာ Flame နဲ့အတူ Yibo ရှိတဲ့ Medical center ကို ရောက်လာခဲ့တယ်။ သူ့ခေါင်းထဲမှာ ခံစားချက် ပေါင်းစုံနဲ့ အတွေးပေါင်းစုံက တစ်လှည့်စီ အလုအယက် နေရာယူနေကြလို့ အမှန်အတိုင်းပြောရရင် ဘာကိုမှ ရေရေရာရာ မတွေးနိုင်ဘူး ဖြစ်နေတယ်။ သူ့မှာ ဘယ်သူ့ကို စိတ်ပူရမလဲတောင် မသိတော့ဘူး။ လောလောဆယ် သူ့ကို အလွှမ်းမိုးနိုင်ဆုံးကတော့ Yibo နဲ့ Xiao Yi နှစ်ယောက်လုံး ဘေးအန္တရာယ်ကင်းဖို့ ဆန္ဒပဲ။

Medical center ရောက်တော့ ကံကောင်းစွာနဲ့ Dr. Ling ကပါ center ကို ပြန်ရောက်နေတာ တွေ့ရတယ်။

"Mr. Xiao ခင်ဗျား ယုံနိုင်ရဲ့လား။ ကျွန်တော်တို့ အခု ခေတ်သစ်တစ်ခုရဲ့ နိဒါန်းကို မြင်တွေ့ရတော့မှာ"

Dr. Ling က Xiao Zhan ကို Yibo ရှိရာ ခေါ်သွားရင်းနဲ့ စိတ်လှုပ်ရှားစွာ ပြောတယ်။

Xiao Zhan သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပေမယ့် ဘာမှ ပြန်မပြောပဲ သူ့ရှေ့က လမ်းကိုပဲ အာရုံစိုက်ထားတယ်။ ခေတ်သစ်တွေ ခေတ်ဟောင်းတွေထက် သူ့ခေါင်းထဲမှာတော့ လောလောဆယ် Yibo ပဲ ရှိတယ်။

"ဒါပေါ့ Mr. Xiao အတွက်ကတော့ အဲဒီထက် ပိုမှာပေါ့"

Dr. Ling က Xiao Zhan ဆီက တုံ့ပြန်မှု မရတာကို အာရုံမထားပဲ သူ့ဘာသာပဲ စကားဆက်တယ်။ 008 တုန်းက တစ်ခါကြုံတွေ့ဖူးပြီး ဖြစ်ပေမယ့် အဲဒီတုန်းက စမ်းသပ်မှုဟာ ခြေလှမ်းစဖို့ ပြင်ဆင်မှုသက်သက်ပဲ ဖြစ်ခဲ့တာ။ ဒီတစ်ကြိမ်လို တရားဝင်ပြီး ကြီးကျယ်တဲ့ စမ်းသပ်မှု မဟုတ်ခဲ့ဘူး။ ဒါကြောင့် လောလောဆယ်တော့ Dr. Ling ဟာ ABO traits တွေကို  ပထမဆုံး စာတမ်းရေးခဲ့တဲ့ medical ancestor လိုမျိုး အင်မတန်ကြီးကျယ်တဲ့ breakthough ကို လုပ်နိုင်ခဲ့ပြီလို့ ယုံကြည်ပြီး အင်မတန် ခံစားချက် ကောင်းနေတယ်။ General Wang Yibo ရဲ့ နောက်မှာ သူတို့နဲ့ ပူပေါင်းလုပ်ကိုင်ဖို့ သဘောတူခဲ့တဲ့ လူနာတွေ ရှိပေမယ့် သူတို့က နောက်ဆုံးရွေးချယ်မှု အနေနဲ့ လာခဲ့ကြတာ ဆိုတော့ အားလုံးဟာ General Wang Yibo ထက် အခြေအနေဆိုးတဲ့သူတွေချည်းပဲ။ ဒါကြောင့် General နိုးထလာတာက သူတို့ center အတွက် အောင်မြင်မှု ဖြစ်သလို center က လူနာရှင်တွေအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်ဖြစ်တယ်။ Center အတွက်တင် မဟုတ်ပါဘူး Tian Gu က လူတွေ အားလုံး, ပိုပြီး အမွှမ်းတင်ရရင် လူသားအားလုံးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာမှာ။ ဒီအထိ တွေးပြီးတော့ Dr. Ling က သူ့ရဲ့ အတွေးစကို အတင်းဖြတ်ချလိုက်တယ်။ မဟုတ်ရင် သူတိမ်တွေပေါ် ရောက်သွားမှာ စိုးရတယ်။

For You (Season 2)Where stories live. Discover now