(Unicode)
"ဆရာ XiaoZhan"
"ဆရာ XiaoZhan"
သူနဲ့ စကားပြောနေတဲ့ XiaoZhan ရုတ်တရက် နှုတ်ဆိတ်သွားတော့ Wen Ning တစ်ယောက် စိတ်ပူသွားမိတယ်။ ဆရာ XiaoZhan ခုနကလို မြင်မြင်သမျှ တိုက်ခိုက်တဲ့ mood ဝင်သွားပြန်ပြီလား။ ဒီလိုဆိုရင် သူပါ အန္တရာယ်ရှိနိုင်တယ်။ ဒီလိုဆိုပင်မယ့်လည်း အနားက မခွာနိုင်ပြန်ဘူး။ Wen Ning ရှေ့ဆက်တိုးရင်း ထပ်ခေါ်လိုက်တယ်။
"ဆရာ XiaoZhan"
ဒီတစ်ခါတော့ အနီရောင် mecha က ခေါင်းထောင်လာတယ်။ သူ့ကို ပြန်ဖြေပေးဖို့တော့မဟုတ်ဘူး။ အဲဒီအစား Wen Ning ကို တွန်းထုတ်ပြီး medical team ရှိတဲ့ major general ရဲ့ ယာဉ်ကို တန်းပြေးသွားတယ်။ သူထွက်သွားတဲ့ပုံက အလျင်လိုလွန်းတာမို့ Flame ရဲ့ခြေထောက်မှာ ရှိတဲ့ booster က မီးခိုးငွေ့ထုတ်လွှတ်တတ်တဲ့ အမျိုးအစားသာ ဆိုရင် Wen Ning ရဲ့ mecha တစ်စီးလုံး မှိုင်းမိပြီး ကျန်ခဲ့မှာ သေချာတယ်။
Flame ကတော့ သူ့နောက်ကလူတွေ ဘယ်လိုပဲ ဖြစ်ကျန်ခဲ့ကျန်ခဲ့ အရေးမလုပ်ပဲ သူဦးတည်ရာကို အမြန်ရောက်ဖို့သာ စိတ်လောနေတယ်။ လောလောဆယ် သူ့အာရုံထဲမှာ ရှိတာ XiaoZhan ပဲ။ သူ့မှာ ထည့်သွင်းပေးထားတဲ့ program တွေနဲ့ စစ်ဆေးကြည့်ခဲ့ပေမယ့် XiaoZhan က ခန္ဓာကိုယ် အပူချိန်များနေရုံကလွဲပြီး ထွေထွေထူးထူး ချို့ယွင်းချက်မရှိဘူး။ ခုနက တရစပ်တိုက်ခိုက်တာ များသွားလို့ ပင်ပန်းသွားတာလား။ ဒါပေမယ့် XiaoZhan က ဒီလောက်ကြီး မပျော့ဘူးထင်တာပဲ။
ယာဉ်ပေါ် ရောက်တော့ Flame ကပဲ လူနာရှင်လုပ်ပြီး အခြေအနေကို သေချာရှင်းပြရတယ်။ သေချာရှင်းပြတယ် ဆိုပေမယ့် ဘာဖြစ်သွားလဲ သူလည်း သေချာမသိလိုက်ဘူးမို့ ရုတ်တရက် အပူချိန်မြင့်ပြီး မောပန်းလာတယ် ပြီးတော့ တစ်ခါတည်း သတိမေ့သွားတော့တာပဲ ဆိုတာပဲ ပြောပြနိုင်တယ်။
Flame ရဲ့ ပြောစကားအရ XiaoZhan ရဲ့ အခြေအနေက ထူးခြားနေတာမို့ medical team က လူတွေလည်း သူ့ကို ဘယ်လို ကုသပေးရမလဲ မသိဘူး။ ဒါကြောင့် အခြားယာဉ်မှာ ဆေးကုပေးနေတဲ့ Wen Qing ကို ပြန်ခေါ်ရတယ်။ Wen Qing က အစကတော့ Ning An အတွက် လိုက်လာခဲ့တာပါ။ တိုက်ခိုက်နေရင်းနဲ့ အရင်တစ်ခါလို miro-chip ရွေ့သွားပြီး အတိတ်မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ အရင်တစ်ခါလို ၁၆ နှစ်သားပြန်ဖြစ်ပြီး Mr. Li ရှိတဲ့ မြို့တော်ကို ပြန်ပါမယ်ဆိုရင် တပ်တစ်ခုလုံး ဒုက္ခရောက်ဦးမယ် မဟုတ်လား။ ဒါကြောင့် သူမ လိုက်လာခဲ့တာ။ သူမရဲ့ မူရင်းရည်ရွယ်ချက်က Ning An တစ်ယောက်တည်းဆိုပေမယ့် ဒီရောက်လာတဲ့အချိန်မှာတော့ ဒဏ်ရာရတဲ့လူတိုင်းက သူမရဲ့ လူနာ ဖြစ်လာတော့တယ်။ Major General ကလည်း သူ့ယာဉ်မှာ ရှိမနေဘူးဆိုတော့ သူမလည်း ယာဉ်တွေ ကူးပြီး ကုသမှုပေးနေခဲ့တာ။ ဒီလိုသွားနေတဲ့ Wen Qing က ရုတ်တရက် XiaoZhan ပြဿနာတက်တယ်ကြားတော့ အင်မတန်စိတ်ပူပြီး ချက်ချင်း ပြန်လာခဲ့တယ်။ Ah Ning က XiaoZhan နောက် ပါသွားတာ မဟုတ်လား။ Ah Ning ပါ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
![](https://img.wattpad.com/cover/226262319-288-k143705.jpg)