46

10.2K 1.4K 264
                                    

လှည်းလမ်းလေးက အတော်ကျဉ်းသော်လည်း လှည်းဆရာကတော့ အတော်လမ်းကျွမ်းပုံရ၏။ ငြိမ့်မနေပေမဲ့ သိပ်မခါသောလှည်းပေါ်ဝယ် ပါလာသူဆိုလို့ ဦးထွဋ်ကျော်စွာနှင့်နောင်စစ်သွေးနှစ်ယောက်သာ။

မိန်းကလေးဖြစ်သော ဝါနုဖြူကိုတော့ ခရီးလမ်းကြမ်းလို့ထားခဲ့ရသည့်အပြင် တစ်ယောက်သောသူကိုပါ ထားခဲ့ရ၏။

မနက်စောစောထွက်ကြဖို့ မှာထား၍ အခန်းတံခါးသွားခေါက်စဉ်တွင် မျက်နှာလာပြခဲ့သူက နောင်စစ်သွေး။ မှောင်အတိကျနေသော အိပ်ခန်းထဲကိုမမြင်ရသော်ငြား နောင်စစ်သွေးကတော့ သူ့ကိုယ်လုံးဖြင့် အခန်းဝမှ ကာထား၏။

အသားလတ်လတ်မျက်နှာက ကြည်စင်သည်မို့ သူ့ကိုမြင်ချိန်တွင် ရဲတက်လာသော မျက်နှာအနေအထားကြောင့် ထွဋ်ကျော်စွာ ကြောင်အသွားခဲ့ရ၏။ အခန်းတံခါးကိုလက်နောက်ပြန်ပိတ်ကာ သူနှင့်အတူလိုက်သူအား နောက်တစ်ယောက်အကြောင်းမမေးသင့်မှန်း လူမှုရေးအရသိပါ၏။

ဪ ဆရာလေးနှယ်။ စိတ်ကောက်နေသောချစ်သူအား ဘယ်သို့များ ချော့လိုက်ပါသလဲလေ။

ယခုလည်း လမ်းတစ်လျှောက်လုံး စကားမဆို။ ငြိမ်သက်နေသည်မှာ လူပင်မပါသည့်အလား။

" ဒီအိမ်ပဲ သူဌေး "

ဆိတ်ငြိမ်နေသော ခြံဝန်းကလေးက မြင်လိုက်သည်နှင့် အေးငြိမ်းမည်မှန်း သိသာလှ၏။

လှည်းပေါ်မှ ဖြတ်ကနဲဆင်းကာ ခြံထဲဝင်သွားသူအား ဂုတ်မှပင်မဆွဲလိုက်နိုင်။

" ကိုကို .. ကိုကိုရေ "

စပါးကျီဘက်မှ ထွက်လာသော  လူရိပ်သည် ဗြုန်းကနဲမို့ မှတ်ပင်မမှတ်မိချင်။ ညိုမှောင်းသောအသားအရည်၊ သျှောင်တစောင်း​ဖြင့် ရေစိုအဝတ်များ ပုခုံးပေါ်တင်ထားသူသည် တစ်ချိန်က မှုံရွှေရည်တဲ့လား။

ညီဖြစ်သူကိုကြောင်အအရပ်ကြည့်နေခြင်းသည်ခေတ္တမျှသာ။ မကြာမီရောက်လာလောက်သည်မှန်း သိနေလောက်သည့်အလား ညီငယ်ကိုမြင်သည်နှင့် ပြေးဖက်လေသူ။

" ကိုကိုဗျာ ... ကျုပ်ကို နောက်အဲ့လို ထားမပစ်ခဲ့နဲ့ ... သွားလေရာ ခေါ်သွားစမ်းပါ ... အဲ့လိုတွေ ထပ်လုပ်ရင် ကိုကို့ခြေထောက်တွေ ရိုက်ချိုးပြီး ငရဲကျခံလိုက်မှာနော် "

အိုဘယ့်မှုံရွှေရည်(Completed)Donde viven las historias. Descúbrelo ahora