Side Story

10.4K 1.3K 72
                                    

[ Moeswae note: media က photo လေးက လက်ဆောင်ရတာ။ (Liam Koe) လက်ရာလေး။ ပါးကလေးဆွဲညှစ်ချင်။ ကဲကဲ အချပ်ပိုလေးနဲ့ နှုတ်ဆက်ကြဦးစို့။ ]

" ဆရာလာတယ်ဟေ့ "

တီတာဆွေတစ်ယောက် လက်ထဲမှ ကြိမ်ဆွဲခြင်းကြီးအား အောက်ချရမလို ဆက်ပဲ သယ်ထားရမလိုဖြစ်သွား၏။ ဆရာဟုမခေါ်ဖို့ မည်သို့ပင်တားတား တစ်ဖွဲ့လုံးက ခေါ်ကြစမြဲ။

သစ်သားကွစ်ပျစ်ပေါ်ဝယ် ဝင်ထိုင်ရင်း မြင်လိုသူအား မျှော်ရ၏။ အနားရောက်လာသူသည်ကား ဆိုင်းဆရာကြီး။ သူယူလာသည့်ခြင်းထဲ ငုံ့ကြည့်ကာ ...

" ပိန္နဲသီးတွေပါလား .. ရာသီစာပေမဲ့ အတော်ပူသကိုး ... "

" မင်းသမီးရော မတွေ့ပါလား "

" အထွေးရှိတယ်ရယ်... မင်းသားအသစ်လာအပ်လို့ ဆွေးနွေးနေလေရဲ့ "

" မင်းသားအသစ်တင်မလို့လား "

" မတင်ပါဘူး.. ဒီတိုင်း အကသင်ပေးဖို့လာအပ်တာ.. အဲ့ကလေးက ကျုပ်တို့လို သဘင်လောကကိုဝင်မှာမဟုတ်ဘူး ကျောင်းမယ်ကဖို့ဆိုလား.. သူ့အစ်မကလည်း မင်းသမီးဆိုတော့ ဒီမှာ လာအပ်တာ .. ကလေးက နဂိုတည်းက အထွေးတို့နဲ့ ခင်မင်ရင်းစွဲရှိတော့ လာအပူကပ်တဲ့သဘောပါပဲ "

" ဪ "

နွေအကုန်မိုးအကူးကာလမို့ ဇာတ်သမားတို့အလုပ်ကင်းသည့်အခြေအနေသည် များသောအားဖြင့်တော့ ပျင်းရိဖွယ်ကောင်းကာ ငွေကြေးရှားပါး၏။

ယခုလို အကသင်ခြင်းမျိုး၊ သို့တည်းမဟုတ် မင်္ဂလာပွဲကဲ့သို့ အလှူပွဲကဲ့သို့ ဖိတ်ကြားခံရပါကလည်း ကြားပေါက်ငွေရတတ်၏။

" ယောက်ဖကြီးပါလား "

အပြင်မှပြန်လာဟန် ပုံပေါက်သည့် မင်းသားငယ် နောင်စစ်သွေး။ အသားရောင် ရှပ်လက်ရှည်က ချွေးများဖြင့် စိုကပ်နေ၏။ လက်ထဲမှ အိတ်သည် ထသွားထလာ ၂ရက်စာ အဝတ်အစားထည့်ထားဟန်ပေါက်သည်။

" ရန်ကုန်ကပြန်လာတာလား "

" ဟုတ်ပါ့ဗျာ ... ဆရာကမအားတော့ ကျုပ်ပဲ သွားရ.. အဲ ကိုကိုနဲ့မတွေ့ရသေးဘူးလား ... လာလေ အထဲဝင်ကြတာပေါ့ "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now