Note

5.8K 673 32
                                    

ဒီလိုတစ်ခါမှမရေးဖူးလို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါနော်။

အခုတော့ 2020 September ကနေ 2021 April မှာပဲ ဆုံးခန်းတိုင်အောင်ရေးနိုင်ခဲ့ပါပြီ။ အား... အတော်လေး ကြာခဲ့တယ်နော်။

ဒီဇာတ်လမ်းကလေးရေးဖို့အတွက် လေ့လာခဲ့ရတာက အင်မတန်နည်းခဲ့ပါတယ်။ ဇာတ်ကားတွေကြည့်၊ သီချင်းတွေနားထောင်၊ ခေတ်အကြောင်းပြန်ရှာနဲ့ လုပ်ခဲ့ရတာကတော့ အတော်လိုအပ်နေသေးပါတယ်။ အများစုကတော့ Wikipedia ကပေါ့ဗျာ။ သိတဲ့အတိုင်း အဲ့ကအချက်အလက်တွေက မှန်တာနည်းတော့ အကုန်ထည့်မရေးရဲဘူး။ အမေနဲ့အဖေက ၆၀ခုနှစ်ပတ်ဝန်းကျင်ဖွားဆိုတော့ အကူအညီတစ်ချို့ရခဲ့ပါတယ်။ နောက် မမဝါက ဖတ်သင့်တဲ့စာအုပ်တွေ ညွှန်းပေးခဲ့တယ်။ အစကတော့ အဲ့စာအုပ်တွေ ဝယ်ဖတ်မယ်၊ ပြီးမှ သေချာပြန်ရေးမယ်ပေါ့၊ ကျနော်ဝယ်ခွင့်မရခဲ့သလို ဖတ်ခွင့်မသာခဲ့ပေမဲ့ အဲ့စာအုပ်တွေရဲ့ preview တွေက ကျနော့အတွက် အတော်အထောက်အကူလေးရခဲ့ပါတယ်။ နောက် ငွေကြေးအသုံစအစွဲတွေ။ မမမှုန်က အဲ့ခေတ်မှာ ရခဲ့တဲ့ မုန့်ဖိုးတွေအကြောင်းမျှဝေလာလို့ ကျနော်ပြန်ပြင်ခဲ့ပါသေးတယ်၊ သတိထားမိကြမလားမသိပေမဲ့ ဒီအတွက် မမမှုန်ကို အရမ်းကျေးဇူးတင်ပါတယ်။ နောက် ကျနော့စာအုပ်လေးကို မအားတဲ့ကြားက ဝေဖန်ဖို့ တကျီကျီ သွားဂျီခဲ့သမျှ လာလာဖတ်ပေးတဲ့ မမတန့်ရယ်၊ တစ်ခန်းဖတ်တိုင်း တစ်ခါ အညွှန်းတွေတင်နေတဲ့ မမငု၊ ကျနော့စာဆို တစ်အုပ်တစ်မျိုးလေးတွေဆိုပြီး လာလာအားပေးတတ်တဲ့ ပေပီမွန်းလေးရယ်၊ ဟိုကလေးပေါက်စီလုံး၊ နောက် စာအုပ်မပြီးသေးပဲ ထုတ်ချင်လို့လာတောင်းတဲ့ စာချစ်သူလေးတွေ၊ ကျနော့်ကို အမြဲအားပေးတတ်တဲ့ အစိမ်းရောင်ကလေးမလေး၊ တစ်ပိုင်းဖတ်တိုင်း တစ်ခါလာဝေဖန်တတ်တဲ့ ဟိုမမကြီးနှစ်ယောက်၊ ကျနော့သမီးကလေးရဲ့ မေမေ အယူလေး။

အိုး ပြောရင် ကုန်မှာမဟုတ်တော့ဘူး။ ကျနော်မရေးတော့ဘူးလို့ တွေးတိုင်း ကျနော့ကိုဆက်ရေးချင်စိတ်ပြန်ပေါ်လာအောင် မိုတီရခဲ့တာတွေက သူတို့တွေကြောင့်ပါပဲ။ နောက်အမြဲ ကွန်မန့်ပေးနေကြ ကလေးတွေ။ ကလေးတွေကိုအသည်းတယားယားနဲ့ စိတ်အတက်အကျအလိုက် မန့်လေးတွေက တကယ်ချစ်ဖို့ကောင်းပါတယ်ဗျာ။ ကျနော်အကုန် reply မပြန်ဖြစ်ခဲ့ပေမဲ့ အကုန်ဖတ်ခဲ့ပါတယ်။

အကုန်လုံးရဲ့ထောက်ပြမှု၊ အကုန်လုံးရဲ့အားပေးမှုနဲ့အတူ အိုဘယ့်မှုံရွှေရည်ဟာ ဇာတ်သိမ်းနိုင်ခဲ့ပါပြီ။ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီမလို့ ခင်ဗျားလေးတို့ကို ပြောမပြတတ်အောင် အရမ်းကျေးဇူးတင်ရပါတယ်။

အားလုံးကို ကျွန်တော့ကိုယ်ကျွန်တော်ထက် ပိုချစ်ပါတယ်။ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

ချစ်လှစွာဖြင့် မိုးစွေမောင်

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now