27

8.9K 1.6K 105
                                    

" ဒီဘက်နည်းနည်းတိုး "

အရှေ့က ထိုင်နေသည့် ကလေးငယ်ကို သူ့အနားတိုးဖို့ ခေါ်တော့ မျက်နှာကလေးထိုးပေးလာ၏။ သနပ်ခါးတင်ပေးနေသည်မို့ မျက်လုံးကလေးကို စုံမှိတ်ပေးထားသည့် မျက်နှာလေးက သူစမြင်ခဲ့ဖူးစဉ်ကလို ဘာမှမပြောင်းလဲသေးပေ။

" ဆရာရယ် ... ကျုပ်လိမ်းပေးလည်း ရပါတယ် .. အပင်ပန်းခံလို့ "

" ရပါတယ် ... ကိုယ်လည်း အားနေတာပဲဟာ .... ဒါနဲ့ ပန်းဝယ်တာ ရခဲ့ရဲ့လား .."

" မနက်ဖြန် ပွဲမစခင် ရအောင် လုပ်ပေးမယ် ပြောတယ် "

" အင်း .. အင်း "

ရုတ်တရက် အလင်းတစ်စ ဝင်ရောက်လာတာမို့ ကလေးငယ်၏ ပုခုံးအား ကျော်ကြည့်မိစဥ် လှုပ်ခါသွားသည့် ခန်းစီးကန့်လန့်ကာစကလေးကိုသာ တွေ့လိုက်သည်မို့ လေများတိုက်သွားသလားဟု တွေးရင်း ကလေးငယ်၏ နဖူးပေါ်သို့သာ သနပ်ခါးအုံပေးလိုက်တော့၏။

" နာနေသေးလား "

ဖောင်းနေသော လက်ခုံလေးကို အသာလှမ်းထိတော့ အနောက်သို့ ဖြတ်ခနဲ ရုတ်၏။ အသားကလေးကို မတတ်သာမှ ထိခွင့်ပေးသော ဒီကလေးကို သူ့မှာ အသည်းယားသော်လည်း မတတ်နိုင်။ ပေးသလောက်ပေါ့။ သူစေတနာရှိသလောက် တိမ်မိုးရောင်ဘက်က ကျေနပ်ရမည်သာ။

ခရီးရောက်မဆိုက် ကင်းထိုးခံလိုက်ရသည့် လက်ခုံကလေးက ယောင်ကိုင်းနေဆဲ။ ဆရာဝန်နှင့်ပြထားသော်လည်း လက်က အယောင်မကျသေးပေ။ ညာဘက်လက်မနှင့် လက်ကောက်ဝက်ကြားရှိ အဖောင်းကလေးကိုမှ ကင်းက ထိုးသွားခြင်း။

တော်သေးသည်က သူတို့ရောက်နေသည်က မြို့ဖြစ်နေ၍ ဆေးရုံဆေးခန်း နီးသည်လေ။ ဒေါ်ဆွေခင်ကိုယ်တိုင် ကားကလေးနှင့် ဆေးရုံလိုက်ပို့ထားသည်မို့ သိပ်တော့မစိုးရိမ်ရပေ။

ဇာတ်အဖွင့်တွင် ချထားမည့် ညောင်ရေအိုးကလေးကို ရေဆေးဖို့ရန် ပြင်တော့ ဘယ်အချိန်ကတည်းက ခိုဝင်နေမှန်းမသိသည့် အကောင်ကလေးက လက်ကိုထိုးလိုက်ချိန်တွင် လန့်ဖြန့်ကာ လက်ကို ခါလိုက်ချိန်တွင် အဝါရောင်ကလေးကိုသာ မြင်လိုက်ရပြီး ဘယ်သို့သောကင်းမှန်း မသိလိုက်ကြ။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now