4

13.9K 2.2K 74
                                    

အပိုင်း ၄

ပွင့်လင်းရာသီမရောက်တရောက် ရာသီဥတုသည် မန္တလေးမြို့ကြီးအတွက်တော့ ချမ်းအေးနေဆဲဖြစ်၏။ ဟိုဟိုဒီဒီ ကြည့်လေရာတိုင်း လေးဘီးကားကလေးများက သွားလာလို့။

မဟာအောင်မြေအရပ်၏ အထင်ကရတစ်ခုဖြစ်သော မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်သည် နှင်းမြူပြပြအောက်တွင် ထီးထီး တည်ရှိနေဆဲ။

" တီတာဆွေ "

ကားပေါ်ကဆင်းဆင်းချင်း ခေါ်သံကြားလိုက်သံကြောင့် လှည့်ကြည့်မိတော့ ဆရာထွဋ်ကျော်စွာ။

မြန်မာစာဆရာလည်းဖြစ်၊ သူ၏ဦးလေးလည်းတော်စပ်သူကတော့ သူ့ကို မိသွားလေပြီ။ သူကလည်းသူ။ အဆောင်ကိုမပြန်ပဲ ကျောင်းသို့လာမိခြင်း။

လွယ်အိတ်က ကျောင်းစာကြည့်တိုက်မှာ အပ်ထားခဲ့တာမို့ စာကြည့်တိုက်ဖွင့်ဖွင့်ချင်းယူ၍ရအောင် ကျောင်းသို့ ခိုးကြောင်ခိုးဝှက်လာခါမှ ဦးလေးနှင့် တိုးရသည်လို့။

" ဦးလေး "

" အေး ဦးလေးမှန်းတော့ သိသေးတယ်လား ... ဒီလောက်အစောကြီး ဘာလာလုပ်တာလဲ ... "

အနားရောက်လာသော ဦးလေးကို မရှောင်နိုင်လိုက်။ ထို့အတွက် ညလုံးပေါက်သောက်ခဲ့သော အရက်နံ့က ထောင်းခနဲရသွားပေလိမ့်မည်။

" လိုက်ခဲ့စမ်း "

သူ့ဆီကရသွားသည့်အနံ့ကြောင့် တီတာဆွေခမျာ ဦးလေးဖြစ်သူ၏ နားရွက်ဆွဲခေါ်သွားသည့်နောက် ဘာမှစောဒကမတက်နိုင်ပဲ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရလေတော့သည်။

......................

" ပွဲသွားကြည့်ပြန်ပြီလား "

ရေချိုးပြီးပြန်တက်လာသည့်သူ့အား ဦးလေးက ဆီး၍မေး၏။ သူ့အတွက်ထုတ်ပေးထားသော ပုဆိုးကို လဲလှယ်ကာ တံဘတ်ဖြင့် ခေါင်းကို သုတ်ပစ်လိုက်၏။

" ဟုတ် "

" ကုန်ပြီလား ပိုက်ဆံ "

" ဟုတ် "

" မင်း အဲ့ဒီလောင်းကစားတွေမလုပ်စမ်းပါနဲ့ ... မင်းအဘသိသွားရင် ငါ့ခေါင်းလည်းမလွတ်ဘူး "

အိုဘယ့်မှုံရွှေရည်(Completed)Donde viven las historias. Descúbrelo ahora