21

10.4K 1.7K 129
                                    

" လိုက်မလား "

အဆောင်ခန်းလေးထဲ အေးစိမ့်စိမ့်ရာသီဥတုက လွှမ်းခြုံနေသည်။ မန္တလေးဆောင်းက အေးပြီဆိုလည်း အရိုးထဲစိမ့်အောင် အေးတာမို့ တီတာဆွေတစ်ယောက် စောင်ပုံထဲ နစ်နေချေ၏။ အခုလည်း စာကြည့်နေတာမို့ မဆန့်မပြဲကိုယ်လုံးကိုမှအားမနာ စောင်ထဲကွေးရင်း စောင်ထုပ်လေးအတိုင်း ကုတင်ပေါ်တွင်ထိုင်နေ၏။

မကြာသေးခင်က ရင်ဖွင့်သည်မမည်သော ဖွင့်ဟမှုအဆုံးမှာ ဦးလေးဖြသ်သူတစ်ယောက် ဘာမှမမေးတော့ပဲ သူ့အား လွှတ်ထားသင့်သည်များကို လွှတ်ပေးလာ၏။ အထူးသဖြင့် အရက်သောက်တာနှင့် ညဘက်အပြင်ခိုးထွက်ခြင်း။

တူကလေးတစ်ယောက် စိတ်လေနေတာမို့ ၀ိတ်သက်သာရာရပါစေတော့ရယ်လို့ လွှတ်ပေးထားမှန်းသိပါ၏။ တစ်ခုဆိုးတာကတော့ သူသွားရာ အနောက်ကလိုက်ခြင်း။ အရက်သောက်ချင်သလားသောက်၊ သူ့ရှေ့မှာသောက်စမ်း။

အပြင်ထွက်ချင်သလား ထွက်စေ၊ သူပါမှထွက်။ တစ်ခါတစ်လေတော့ သူသည်လည်း စိတ်ကျဥ္းကျပ်ရပေမဲ့ ဦးလေးဖြစ်သူ၏ ဂရုတစိုက်ရှိမှုကို သူလျစ်လျူသာရှုထားလိုက်တော့သည်။ တူကလေးတစ်ယောက်ကို ဦးလေးတစ်ယောက်ရှိရက်သားနဲ့ လွှတ်ထားရလေသလားဟု အမိန့်စာကျလာပါက သူရောဦးလေးပါ  လွယ်မည်မဟုတ်ပေ။

အခုလည်း သူစိတ်ပြေလက်ပျောက်ဖြစ်ဖို့ရန် လာခေါ်ခြင်း။ ပွဲကိုသွားပြီး ပွဲမကြည့်တတ်တဲ့ တူတော်မောင်ကို လာခေါ်ခြင်းကတော့ လောင်းကစားဝိုင်းကိုသွားဖို့။

ဖခင်သူသိရင်တော့ သူရောဦးလေးပါ ခေါင်းက အမွှေးအနှုတ်ခံရပေလိမ့်မည်။ သို့သော်လည်း လောင်းကစားဝိုင်းဆို အသံကြားတာနဲ့ ဖင်ကကြွပြီးသားမို့ နှစ်ခါခေါ်စရာမလိုလိုက်။

အဆောင်တူနေသူငယ်ချင်းတွေကိုစုလိုက်တော့ လူစုလူဝေးက အတော်တောင့်သွား၏။ ဦးလေးကတော့ပြောရှာသည်။

" ငါတို့ခေတ်တုန်းကဆို ဒီလိုလူအုပ်နဲ့ အပြင်မသွားရဲဘူးကွ "

" ဘာလို့လဲ "

" ဟ ထောက်လှမ်းရေးတွေ ဆွဲစိသွားမှာပေါ့ ... မင်းတို့မကြားဖူးဘူးလား ... ကျောင်းတွေမှာ ကျောင်းသားမဟုတ်ပဲ ဝင်အသွင်ယူပြီး ကျောင်းတက်နေတဲ့ကောင်တွေရှိတယ်..... သူတို့က သာမန်အတိုင်းဆိုရင်တော့ စာမေးပွဲမှာ တဗုန်းဗုန်းကျပြီး ဘွဲ့မရသေးတဲ့ လူပေလူတေတွေလိုလိုနဲ့ အရမ်းမင်သေတာ ... ဒါပေမဲ့ သူတို့မသင်္ကာတဲ့သူဆိုရင် သူတို့က လိုက်ခဲ့ဦးလို့ ခဏခေါ်ပြီး ဘယ်ပို့လိုက်ကြမှန်းမသိတော့ဘူး .. အေးသူတို့လည်း ပျောက် ... သူတို့ခေါ်သွားတဲ့ကောင်တွေလည်းပျောက်ပဲ .. "

အိုဘယ့်မှုံရွှေရည်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ