3

14.7K 2.2K 267
                                    

ပွဲဈေးတန်းလေးဟာ အဆုံးမရှိတော့သယောင်။ ရေနံဆီဖြင့်ထွန်းထားသည့် ဆီမီးခွက်လေးတွေဟာ အစီအရီထွန်းထားပုံက ဘယ်တော့မှမဆုံးတော့မဲ့ ဆီမီးတံတားလေးတစ်ခုလို။ မွှေးရနံ့ပေါင်းစုံဟာ ရောင်းချနေသည့် ဆိုင်တန်းများစီမှ လွင့်ပျံ့လို့။

ကားဆရာဦးကြီးနှင့် အထွေးဟာ အတူတူလမ်းလျှောက်လာရင်းကနေ အထွေးသဘောကျသည့် မုန့်လက်ကောက်ကွင်းများ ကြော်နေသည်ကို တွေ့လိုက်ရလေသည်။

" ဦးကြီး ထွေး လက်ကောက်မုန့် စားချင်တယ် "

ပိုက်ဆံအိတ်မယူတတ်သည့် အထွေးဟာ တစ်ခုခုဝယ်ဖို့အတွက်ဆို ဦးကြီးကို ပြောရပေလိမ့်မည်။

" ယူလေ တူမကြီး "

မုန့်လက်ကောက်ကြော်နေသည့် ဆီပူအိုးရှေ့ ဒူးတုပ်ချထိုင်ကာ အနောက်ဘက်ရောက်နေသည့် ကျစ်ဆံမြီးကို ပုခုံးအရှေ့သို့ ဆွဲယူလိုက်၏။

" အရီး မုန့်လက်ကောက် ဘယ်လိုရောင်းလဲဟင် "

" သုံးခုကို ငါးကျပ် "

" ဘုရားရေ ငါးကျပ်ကြီးတောင်လား "

" ယူလိုက်လေ တူမကြီး "

" မစားချင်တော့ပါဘူး ဦးကြီးရယ် "

ထိုင်ရာမှ ပြန်ထရပ်လိုက်ရင်း တစ်ခြားဆိုင်တစ်ခုရှာဖို့ရန် ခြေလှမ်းပြင်လိုက်ချိန်မှာ နောက်နားကနေ ထွက်ပေါ်လာသော အသံတစ်စ။

" သူများဝယ်ကျွေးတာကိုစားမှာများ စျေးကြီးသလေးတွေးပြီး လုပ်ပြနေတာတော့ အတော်လေး ရုပ်ဆိုးတယ်မထင်ဘူးလား အမိ "

" ဘာအဓိပ္ပာယ်များလဲ "

အထွေးအနောက်ကို လှည့်ကြည့်ကာမေးမိတော့ ကုတ်အနက်ကို ဝတ်ဆင်ထားကာ စူးရှရှမျက်ဝန်းနက်များနှင့် လေးထောင့်ကျကျမျက်နှာတစ်ခု။

မြင်ဖူးနေသလိုလိုဟု တွေးမိနေဆဲ။

" ဦးကြီးအရွယ်နဲ့ တွဲသွားတွဲလာတွေက အမြင်မတော်ဘူး အမိရဲ့ "

" အထွေးဘာသာ ဘယ်သူနဲ့ပဲ တွဲရက်ရှိနေနေ အဲ့ဘက်က စိတ်ပူစရာမလိုဘူးထင်တာပဲ "

အထွေး၏ဘေးတွင် တစ်ချိန်လုံးငြိမ်ကာရပ်နေသည့် ဦးကြီးဟာ အထွေးရှေ့ ကာရပ်လိုက်၏။ ထို့နောက် ခါးကိုညွတ် ခေါင်းကိုငုံ့ကာ ဖြင့် အရှေ့တွင်ရပ်နေသော လူထံ နှုတ်ဆက်လိုက်လေတော့သည်။

အိုဘယ့်မှုံရွှေရည်(Completed)Donde viven las historias. Descúbrelo ahora