9

11.6K 1.9K 91
                                    

အပိုင်း ၉

" စာလာတယ်ဗျို့ "

အိမ်ရှေ့ရေကပြင်ပေါ်ဝယ် ပပထိုင်ပြီး မနက်ဖြန်သွားပို့မည့် ဘုရားပန်းထည့်ဖို့ဖက်တွေကို ရေနှင့်ဆေးကာ အဝတ်ဖြင့်သုတ်နေသည့် နောင်စစ်သွေးတစ်ယောက် ခေါင်းမော့လာ၏။ ထို့နောက် အနီးအနားတွင်ရှိသော တစ်ယောက်အား သွားယူပေးဖို့ပြောလိုက်လေတော့သည်။

ဇာတ်ကသည့်ရာသီမဟုတ်လေတော့ ခြံသမားဖြစ်နေရသည့်သူတို့ဘဝက ဟိုယခင်ကနှင့်စာလျင်တော့ အတော်လေး အဆင်ပြေပါ၏။ သူတို့အတွက် ဖြတ်သန်းခဲ့ရသောဘဝက အတော်လေးကို ခါးသက်ခဲ့သည်မဟုတ်ပါလား။

" မောင်သွေး မြို့က သူဌေးကြီးဆီကထင်တယ် "

စာယူလာပေးသည့်လူသည် သူတို့ဇာတ်အဖွဲ့၏ လင်းကွင်းဆရာကြီး၏သားဖြစ်ပါ၏။ သူနှင့်ယှဥ်လျှင်တော့ အသက်အနည်းငယ်ပိုကြီးသည့် ကိုခင်မောင်သည် သူတို့၏အိမ်တွင်ပဲ လာနေပြီး ဇာတ်ပိုင်ပစ္စည်းများကို ထိန်းသိမ်းရသည့်အလုပ်ကိုလုပ်လေသည်။

ဇာတ်မကရသည့်အချိန်များတွင် ဆိုင်းဝိုင်းနှင့်တကွ အပြင်အဆင်ပစ္စည်းများပါ ထိန်းသိမ်းရသည်ကအတော်လေးလက်ဝင်သည်လေ။ အဘရှိစဥ် လက်ထက်ကတည်းက ကိုခင်မောင်အား ခန့်ထားခဲ့ခြင်း။

" စာကိုဖတ်ကြည့်ပါဦး မောင်သွေး အစ်ကိုလည်းသိချင်တယ် "

စာအိတ်ညိုညို၏အထဲမှာ ဘာတွေများရေးထားပါသနည်း။ စာမတတ်ပေမတတ်မထားခဲ့ပေမဲ့ သူတို့တွေဟာ ခေတ်ပညာကိုအလေးအနက်ပေး မသင်ခဲ့ဖူးပါလေ။ ရေးတတ်ဖတ်တတ်ရုံ သင်ဖူးသည့်မှတ်ဥာဏ်ကိုပြန်ခေါ်ကာ စာအိတ်ညိုညိုအပေါ်မှ လိပ်စာကိုဖတ်ကြည့်လိုက်လေသည်။

" ရွှေချွန်းသဘင်သို့ အကြောင်းကြားလွှာ "

စာအိတ်ညိုညိုထဲမှ ထွက်လာသည့် စာတစ်ချို့သည့် မှုန်ဝါးဝါးမြင်လိုက်ရသလိုလို။ ဘာတွေပါလိမ့်။ ဒါတွေက ဒါတွေက အမှန်တော့မဟုတ်ဘူးမလား။

စာမဖတ်တတ်သူ ကိုခင်မောင်အဖို့တော့ သူ့ဆီကဘာများထွက်လာမလဲဟုစောင့်ရင်း သူ့မျက်နှာကိုသာ စက္ကန့်မလပ် လိုက်လံအကဲခတ်နေခဲ့ပါ၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now