မုန်တိုင်းကအတော်လေးဆိုးလေ၏။ မိုးတွင်းမို့မိုးရွာတာက ပြဿနာမဟုတ်ပေမဲ့ ဒီလိုရာသီဥတုနှင့်ဆိုလျှင် ပျိုးပင်တွေ ပျက်စီးကုန်လောက်ပြီ။ ထွေးတော့ သူ့ပျိုးပင်တွေပျက်စီးပါပြီဟု ငိုပေလိမ့်မလား။ အိမ်မှာရှိနေလျှင်တော့ တစ်မျိုးတစ်ဖုံကြံပေလိမ့်မည်။ ပျိုးပင်တွေအတွက် ပေါင်းမိုးဖြစ်ဖြစ်ကာရံပေးပေမပေါ့။
မနေ့ကတစ်ညလုံး အပူငွေ့ယဲ့ယဲ့နှင့် အထွေးက စိတ်တိုနေခဲ့၏။ သူ့ကို သူစိမ်းတစ်ယောက်က လာရောက်ပွေ့ချီလိုက်သကိုး။ အဘနှင့်သူကလွဲရင် အထွေးကိုထိရဲသူက မရှိလှ။ အခုတော့ လက်ရဲဇက်ရဲနှင့် သူေဋ္ဌးလေးဆီမှာ အပွေ့ခံလိုက်ရတော့ ရှက်နေသလော၊ ခံပြင်းနေသလောလည်း မသဲကွဲပေ။
အခုလည်း မနက်မိုးလင်းလာတော့ နေကောင်းပြီဆိုပြီး ကြီးဒေါ်ကိုခွင့်တောင်းကာ စာဖတ်ခန်းထဲဝင်ထိုင်နေ၏။ သူနှင့်ဦးကံထွန်းကသာ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ၍ အိမ်ကြီး၏ မီးဖိုဆောင်ထဲငုတ်တုတ်။ ထွေးအနားလည်း သွားမနေရဲ။ သွားနေလျှင်မနေ့ကအတောမသတ်သည့် ဒေါသငွေ့တွေ သူ့ထံသက်ဆင်းလာမှာ ကြောက်ရလေသည်။
" ငါ့ညီ "
သူ့အနားလာထိုင်သော လူရည်သန့်ကို တစ်ချက်မော့ကြည့်ဖြစ်၏။ ဒီလူက သူေဋ္ဌးကြီး၏ ညီဝမ်းကွဲဆိုလေသလားလို့။ သန့်ပြန့်သည့်ရုပ်ရည်အနေအထားက အသက်ကိုမှန်းရခက်သည်။ လက်ကောက်ဝတ်တွင် ပတ်ထားသည့် နာရီထံမှ လက်ကနဲတစ်ချက်တွေ့လိုက်ရတော့ အလိုလို သိမ်ငယ်သွားမိပြန်သည်။
" မင်းသမီးကလေးရော မတွေ့ပါလား "
" အထွေးက စာဖတ်ခန်းထဲမှာပါ "
" ေဩာ် "
ဘာဆိုဘာမျှ ထပ်မမေးတော့ပဲ ထထွက်သွားသည့်လူကို အကြောင်သားငေးကြည့်နေမိသည်။ ဘာလုပ်ဖို့မေးသွားသလဲ ဦးနှောက်ထဲမှာ တွက်ချက်နေတုန်း ထိုလူကတော့ မရှိတော့ပါလေ။
................................
စာအုပ်စင်ကြီးက အတော်ကိုခမ်းနားသည်ဟုပြောရမလိုပင်။ သူ့အရပ်ထက် အတော်လေးမြင့်နေသော စာအုပ်စင်ကြီးကို တောက်လျှောက်ကြည့်နေမိသည်။ မြန်မာစာကိုရေးတတ်ဖတ်တတ်သော်လည်း အထွေးစိတ်ဝင်စားသည်က ကောက်ကောက်ကွေးကွေးအင်္ဂလိပ်စာလုံးများ။ မဖတ်တတ်သော်လည်း ကြည့်ချင်လှသည်။ အထွေးစိတ်ထဲမှာ မျက်စိပသာဒရှိသည်ဟုထင်မိ၏။
ВЫ ЧИТАЕТЕ
အိုဘယ့်မှုံရွှေရည်(Completed)
Любовные романыStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...