ပုဇွန်ထုပ်ကို လက်မဖြင့်ဖိကာ ြဖတ်ပြီးနောက် ပုဇွန်အနှစ်ဖြင့် နယ်ထားသည့် ထမင်းနှင့်ရောကာ အနေတော်ကလေး လက်ထဲထည့်လိုက်၏။ သူ့လက်သွားရာ လိုက်ကြည့်နေသည့် မျက်နှာကလေးက သူ့လက်ကလေး နှုတ်ခမ်းနားရောက်စဉ် အသာဟပေးလာ၏။
ထမင်းဝိုင်းမှာတော့ အသံတို့က တိတ်ကျနေသည်။ စုစုပေါင်း လူဆယ်ယောက် ထမင်းစားနေသော်လည်း ဟိုဟိုဒီဒီလက်ညှိုးညွှန်ပြသံနှင့် သူဟင်းခပ်ထည့်ရာ ဇွန်းသံတို့သာ ကြီးစိုးနေခဲ့သည်။
" ဂဏန်းစားချင်လို့ "
ကြီးဒေါ်တစ်ယောက် သူကြိုက်တတ်သည့် ပင်လယ်စာများကို ဝယ်ချက်ထားသည်မို့ စားပွဲ၏ အလယ်တွင် ဂဏန်းမဆလာဟင်းခွက်ကြီးက ပြောင်ပြနေသယောင်။
သူ့အတွက်မို့ သူစားခါနီးလျှင်တော့ ဒေါ်ရီရီက ခွာပေးမည်ဖြစ်ပေမဲ့ အခုတော့ သူ့အတွက်မဟုတ်။ သည်တော့ ဒေါ်ရီရီက ခွာပေးရနိုး မခွာပေးရနိုးနှင့် အနားတွင်ရပ်နေလေသည်။
ဟင်းခွက်က ဝေးတာမို့ သူ့ရှေ့မှာထိုင်နေသည့် နောင်စစ်သွေးက ခပ်ထည့်ပေးလာသည်။ သူ့ပန်းကန်ထဲရောက်လာသည့် ဂဏန်းကို ဝင်ခွာတော့မည့် ဒေါ်ရီရီ့လက်တွေက မင်းသမီး၏ စကားတစ်ခွန်းနှင့် နောက်ဆုတ်သွားလေ၏။
" ကျုပ်က သူဌေးလေးခွာကျွေးတာပဲ စားချင်မိလို့ "
ဂျီသမျှကို သူက ဘာလို့ လုပ်ပေးနေမိသလဲမသိတော့ပေ။ မောင်ဖြစ်သူကိုယ်တိုင်ခွံ့ကျွေးနေတာကိုပဲ သူကိုယ်တိုင်က မင်းသမီး၏ အမေးစကားတွင် ခေါင်းညိတ်ခဲ့မိသည်ကိုး။
သူ့ရှေ့တွင်ပဲ ငြိမ်ငြိမ်ဆိမ်ဆိမ်စားနေသည့် ဆရာဆိုသူကတော့ တစ်ချက်တစ်ချက် အကြည့်ရောက်လာပေမဲ့ ဘာမှတော့မပြောပေ။
ဝါကလည်း အစပိုင်း အနည်းငယ် သူ့ကို အံ့ဩနေပေမဲ့ မင်းသမီးကို သူပါခွံ့ကျွေးချင်သည် လုပ်လာ၍ အတင်းတားလိုက်ရသေး၏။
မကြိုက်တာ ဘာညာ ပြောမည့်အစား မမကို ခွံ့ကျွေးချင်လို့ဆိုပြီး ဇွန်းကြီးတကားကား လုပ်လာ၍ သူ့မှာ ဟန့်ရသေးသည်။
အနှီမင်းသမီးကတော့ သူခွံ့ကျွေး၍ နေရခက်သည်ဟုလည်းမရှိ။ သူ့အားရွံရှာသည်ဟုလည်းမရှိနေပေ။
YOU ARE READING
အိုဘယ့်မှုံရွှေရည်(Completed)
RomanceStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...